အန်ကာရာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တူရကီ နိုင်ငံက အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ်များအား ဝယ်သူ ဖြစ်ရုံသာမက ထုတ်လုပ်မှု အစီ အစဉ်၏ နည်းပညာ လက်တွဲဖက်လည်း ဖြစ်ကြောင်း တူရကီ နိုင်ငံ သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ Ibrahim Kalin က...
လစ္စဘွန်း ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ဂျာမနီ ခရီးသွား ၅၅ ဦး တင်ဆောင်လာသည့် ခရီးသွားယာဉ်တစ်စီးသည် ဧပြီ ၁၇ ရက်က ပေါ်တူဂီနိုင်ငံ Madeira ကျွန်းတွင် မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး လူပေါင်းများစွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအနက်...
ပဲရစ်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်သည် Notre Dameဘုရားကျောင်း မီးအကြီးအကျယ်လောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ ဧပြီ ၁၆ ရက် ညပိုင်းက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ ဘုရားကျောင်းအား ငါးနှစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်သွားလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ကိဗ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း ချာကက်စီဒေသရှိ စာသင်ကျောင်း၌ မည်သည့်အကြောင်းအရာကြောင့် မသိရသေးဘဲ ကလေးငယ် ၇၅ ဦးထက်မနည်း အဆိပ်သင့်သည့် လက္ခဏာပြခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပဲရစ်၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် Notre Dameဘုရားကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်မည်ဟု ပြင်သစ်သမ္မတ မိုက်ခရွန်က ဧပြီ ၁၅ ရက် ညပိုင်းက အချင်းဖြစ်ပွားသောနေရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဟယ်လ်ဆင်ကီ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (Social Democratic Party) က လွှတ်တော်၌ နေရာ ၄၀ ရရှိကာ အင်အားအကြီးဆုံးဖြစ်လာနိုင်ဖွယ်ရှိကြောင်း အမျိုးသား အသံလွှင့်ဌာန Yle က ဧပြီလ ၁၄ ရက်ညပိုင်း၌ ခန့်မှန်းခဲ့သည်။
ဆစ်ဒနီ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းရှိ နိုက်ကလပ်အပြင်ဘက်တွင် ဧပြီလ ၁၄ ရက်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ၂ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံက Brexit ကာလကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း နာရီနှင့်ချီ တံခါးပိတ်ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဥရောပကောင်စီဥက္ကဋ္ဌ Donald Tuskက ဧပြီ ၁၁ ရက် ညပိုင်းတွင် ကျင်းပသည့် သတင်းစာ...
အန်ကာရာ ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) ကမ္ဘာ့သက်တမ်း အရင့်ဆုံး ဖြစ်နိုင်ဖွယ် ရှိသော နှစ်ပေါင်း ၃,၆၀၀ သက်တမ်းရှိ သဘောၤပျက် တစ်စီးအား တူရကီ နိုင်ငံ တောင်ပိုင်း Antalya ပြည်နယ် ကမ်းရိုးတန်း အလွန် ပင်လယ်ပြင်၌ တူရကီ ရှေးဟောင်း သုတေသန ပညာရှင်များက...