Connect with us

Europe

အမေရိကန်နိုင်ငံ အပေါ် တန်ပြန် အခွန်တိုးမြှင့်ကောက်ယူမှုအား တိုးချဲ့ဆောင်ရွက်သွားရန် ရပ်ဆိုင်းကြောင်း အီးယူ ထုတ်ပြန်

ဘရပ်ဆဲလ် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဥရောမ ကော်မရှင် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Valdis Dombrovskis က မေလ ၁၇ ရက်၌ လူမှုကွန်ရက်စာမျက်နှာတွင် အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် ဆက်ဆံရေး ပြန်လည်ဖော်ဆောင်ရန်အတွက် အီးယူအနေဖြင့် အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် လက်တုံ့ပြန်သည့် အခွန်တိုးမြှင့်ဆောင်ရွက်မှုဖြစ်သော အမေရိကန်နိုင်ငံ ထုတ် သံမဏိ နှင့် အလူမီနီယံ ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ခြင်းအား ရှေ့ဆက်တိုးချဲ့ဆောင်ရွက်မှုကို ရပ်တန့်လိုက်ကြောင်း ရေးသားဖော်ပြခဲ့သည်။Valdis Dombrovskis က အီယူမှ ယခုကဲ့သို့ဆုံးဖြတ်လိုက်ခြင်းသည် ဥရောပ နှင့် အမေရိကန် အကြား ယခုဖြစ်ပွားနေသည့် ကုန်သွယ်ရေး အငြင်းပွားမှုအား ဆွေးနွေးရန်အတွက် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

မေလ ၁၇ ရက်တွင် ဥရောမ ကော်မရှင် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ၊ အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai နှင့် အမေရိကန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo တို့က အတူတကွ ပူးတွဲကြေညာချက်တစ်ဆောင် ထုတ်ပြန်ခဲ့ရာတွင် နှစ်ဖက်အနေဖြင့် လတ်တလောကာလတွင် ဗီဒီယိုကွန်ဖရန့်အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြပြီး နှစ်ဖက်အကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးအငြင်းပွားမှုအား ဖြေရှင်းနိုင်သည့် နည်းလမ်းရှာဖွေရန် လိုအပ်သည်ဟု ယူဆကြကြောင်း ရေးသားဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်မှစတင်၍ အမေရိကန်နိုင်ငံ က အီးယူ စသည့် စီးပွားရေး အသိုက်အဝန်းများအား သံမဏိ နှင့် အလူမီနီယံထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ယူမှုအား ဆောင်ရွက်ခဲ့သည်။ အီးယူ အနေဖြင့် အမေရိကန်ဘက် ဆောင်ရွက်မှုပြုလုပ်ပြီးနောက်တွင် ဇွန်လ ၂၂ ရက်က တန်ပြန်ဆောင်ရွက်မှုကို ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံ မှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း ၊ ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ တန်ပြန်ဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုး ဘိုင်ဒန် က ဇွန်လ ၁၁ ရက် မှ ၁၃ ရက်အထိ ဗြိတိန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် G 7 ထိပ်သီးအစည်းအဝေးကို တက်ရောက်သွားမည်ဖြစ်ပြီး ယင်းနောက်တွင် ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ် တွင် ကျင်းပပြုလုပ်မည့် နေတိုး ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်သွားမည်ဖြစ်သည်။ ယင်းမှာ ဂျိုး ဘိုင်ဒန် မှ အမေရိကန်နိုင်ငံ သမ္မတ ရာထူး စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမအကြိမ် ပြည်ပသို့ ခရီးသွားရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
——————————————————-
(Chinese Version)

(财经)欧盟宣布暂停对美加征钢铝关税的进一步反制措施

新华社布鲁塞尔5月17日电(记者李骥志)欧盟委员会执行副主席东布罗夫斯基斯17日在社交媒体上表示,为恢复跨大西洋关系,欧盟将暂停进一步增加因美国加征钢铝关税而对美实施的报复性关税措施。
东布罗夫斯基斯说,欧盟采取这一决定,将为欧美进一步讨论解决这一贸易争端提供谈判空间。
当天,东布罗夫斯基斯与美国贸易代表戴琦和美国商务部长雷蒙多发表共同声明说,双方近期举行了视频会谈,认为有必要为解决彼此间的贸易争端寻找解决办法。
2018年6月1日,美国开始对从欧盟等经济体进口的钢铝产品加征关税;欧盟同月22日起实施反制措施,对自美国进口的部分产品加征关税,并计划从2021年6月起采取进一步的反制措施。
美国总统拜登将于6月11日至13日出席在英国举行的七国集团峰会,随后将赴比利时首都布鲁塞尔参加北约峰会。这将是他今年1月就任总统后首次出访。(完)

Photo
10月6日,在比利时布鲁塞尔,欧盟委员会执行副主席兼欧盟贸易委员瓦尔季斯•东布罗夫斯基斯在新闻发布会上发言。(新华社发)