Connect with us

Europe

ပါလက်စတိုင်း-အစ္စရေး အရေး ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ ရပ်တည်ချက် တညီတညွတ်တည်း မရရှိခဲ့

ဘရပ်ဆဲလ်၊ မေ ၁၉ ရက်(ဆင်ဟွာ)

ပါလက်စတိုင်း-အစ္စရေး အခြေအနေ တင်းမာနေမှုအရေးဆွေးနွေးရန်အတွက် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင် ၂၇ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများသည် မေ ၁၈ ရက် က အွန်လိုင်းအလွတ်သဘော ဆွေးနွေးပွဲကျင်းပခဲ့ရာ တူညီသည့် ရပ်တည်ချက် မရရှိခဲ့ကြောင်း သိရသည်။ယခုအကြိမ်ဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲကြေညာချက် မူကြမ်းတစ်စောင်ရေးသားခဲ့ရာ အဖွဲ့ဝင်နိုင်ငံ ၂၆ နိုင်ငံ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ သို့သော်လည်း ဟန်ဂေရီနိုင်ငံက အစ္စရေးကိုထောက်ခံပြီး ပူးတွဲကြေညာချက်ကို ပယ်ချခဲ့ခြင်းကြောင့် ပါလက်စတိုင်း-အစ္စရေးအခြေအနေအပေါ် တညီတညွတ်တည်းရပ်တည်ချက် မရရှိခဲ့ခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ၌ ပါလက်စတိုင်း-အစ္စရေးအရေး အွန်လိုင်းအလွတ်သဘောဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက သဘာပတိအဖြစ်ဆောင်ရွက်နေသည်ကို မေ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အကြမ်းဖက်လှုပ်ရှားမှုများ ရပ်တန့်ပြီး အပစ်ခတ်ရပ်စဲဖို့ အစ္စရေးနှင့်ပါလက်စတိုင်းကို တိုက်တွန်းကြောင်း အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက ပူးတွဲကြေညာချက်မူကြမ်း၏အကြောင်းအရာကို ရှင်းလင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး အပစ်ခတ်ရပ်စဲရန် တိုက်တွန်းရသည့် ရည်ရွယ်ချက်သည် အရပ်သားပြည်သူများကို ကာကွယ်ရန်အတွက်ဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း ဖွင့်လှစ်ပေးရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစ္စရေးနှင့်ပါလက်စတိုင်း၏ လုံခြုံရေးသည် စစ်မှန်သည့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်ကြောင်း၊ ထိုမှသာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း Josep Borrellက ဆိုသည်။ နိုင်ငံရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန်၊ ပဋိပက္ခဖြစ်ပွားနေသည့်ဘက်ပေါင်စုံက တွေ့ဆုံ၍ အပြန်အလှန် ယုံကြည်မှုတည်ဆောက်မည့်နည်းလမ်းများကို ရှာဖွေကြရန်၊ လူနေမှုအဆင့်အတန်းမြှင့်တင်ရန်၊ ကာလကြာရှည် ရပ်ဆိုင်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည်လမ်းကြောင်းဖွင့်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ယခုရက်ပိုင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသရှိ လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးတို့၏ ဆိုးဝါးသည့်ပဋိပက္ခအရှိန် ဆက်တိုက်မြင့်တက်လျက်ရှိရာ အမျိုးသမီး၊ကလေးသူငယ်များအပါအဝင် လူပေါင်းများစွာ သေဆုံးဒဏ်ရမှုများ ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်းက အထူးဂရုပြုလျက်ရှိသည်။ (Xinhua)

#Palestine, #Israel, #EU, #myanmar, #xinhua, #xinhuamyanmar, #ပါလက်စတိုင်း, #အစ္စရေး, #ဥရောပသမဂ္ဂ, #အီးယူ, #ဆွေးနွေး, #ဆင်ဟွာ

————————————————
(Chinese Version)

(聚焦巴以冲突)欧盟外长会未能就巴以局势形成统一立场

新华社布鲁塞尔5月18日电(记者任珂)欧盟27国外长18日就巴勒斯坦和以色列紧张局势举行线上非正式会议,但未能形成统一立场。

本次欧盟外长会起草了一份共同声明,并得到26个欧盟成员国的支持。由于匈牙利支持以色列并一票否决了这份共同声明,欧盟无法就巴以局势形成统一立场。

欧盟外交与安全政策高级代表博雷利在会议结束后举行的记者会上引述了这份共同声明的内容,呼吁以色列和巴勒斯坦立即停止一切暴力活动并实现停火。他说,呼吁巴以停火的目的是保护平民,并为加沙地带打开畅通的人道主义通道。
博雷利表示,以色列和巴勒斯坦的安全需要真
正的政治解决方案,只有这样才能带来和平。他呼吁重启政治进程,探索冲突各方重新接触并制定建立互信的措施,提高人民生活水平,为重启被长期搁置的和平进程开辟道路。

连日来,巴勒斯坦加沙地带武装组织与以色列的严重冲突持续升级,造成包括妇女和儿童在内的大量人员伤亡,引发国际社会严重关切。(完)

图说1:5月18日,在比利时布鲁塞尔,欧盟外交与安全政策高级代表博雷利在会议后举行新闻发布会。新华社发(欧盟供图)

图说2:5月18日,在比利时布鲁塞尔,欧盟外交与安全政策高级代表博雷利主持欧盟外长线上非正式会议。新华社发(欧盟供图)