Connect with us

International Organizations

၂၀၁၆ ခုနှစ်တွင် ကုလသမဂ္ဂ ဝန်ထမ်းပေါင်း ၃၂ ဦး တာဝန် ထမ်းဆောင်စဉ် အတွင်း သေဆုံးခဲ့ရ

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ မှ မာလီ နိုင်ငံ တွင် တိုက်ခိုက်ခံရသည့် လူနာအား ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ၏ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက် တစ်ခု တွင် ၂၀၁၆ ခုနှစ်၌ ကုလသမဂ္ဂ ၏ ဝန်ထမ်း အနည်းဆုံး ၃၂ ဦး သည် လုပ်ငန်း တာဝန် ထမ်းဆောင် နေစဉ် အတွင်း ကျဆုံးခဲ့ရပြီး ထိုအတွင်း မှ အများဆုံး မှာ ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် ဝန်ထမ်းများ ဖြစ်ရကြောင်း သိရှိရခဲ့ရသည်။

ထုတ်ပြန် ခဲ့သည့် စာရင်းပြုစုချက် တွင် သေဆုံး ခဲ့သည့် ဝန်ထမ်းများ အတွင်း လုံခြုံရေး ဝန်ထမ်း ၂ ဦး ၊ ရုံးစာရွက်စာတမ်း လုပ်ငန်း ဆောင်ရွက်သည့် ဝန်ထမ်း တစ်ဦး နှင့် ကန်ထရိုက်တာ တစ်ဦး တို့လည်း ပါဝင် ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ ၏ ဝန်ထမ်းများ ကျဆုံးရခြင်း ဖြစ်ပွားသည့် နိုင်ငံများ တွင် မာလီ နိုင်ငံ သည် ၃ နှစ်ဆက်တိုက် အများဆုံး ကျဆုံး ခဲ့ရသည့် နိုင်ငံဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းတွင် ကုလသမဂ္ဂ ဝန်ထမ်းပေါင်း ၂၃ ဦးသည် မာလီ နိုင်ငံ တွင် ကျဆုံး ခဲ့ရသည်။ ပြီးခဲ့သည့် ၅ နှစ်သာ ကာလ အတွင်း ကုလသမဂ္ဂ ဝန်ထမ်းပေါင်း ၂၄၀ ဦးသည် လုပ်ငန်း တာဝန် ထမ်းဆောင်စဉ် အတွင်း ကျဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.