Connect with us

International Organizations

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က ပါကစ္စတန် နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အား ပြစ်တင်ဝေဖန်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ် အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ် သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ပြောရေးဆိုခွင့်ရှိသူမှ တဆင့် ပါကစ္စတန် နိုင်ငံ မြောက်ပိုင်းရှိ ဘာသာရေး အဆောက်အဦ တစ်ခုအား အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ် ခဲ့ခြင်းအပေါ် ပြစ်တင်ဝေဖန် ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးအပြစ်ပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ အနေဖြင့် ပါကစ္စတန် နိုင်ငံ မှ အပြည်ပြည်ဆိုင်ရာ နှင့် လူ့အခွင့်အရေး အခြေခံရပ်တည်မှု များကို လိုက်နာကာ အကြမ်းဖက် မူဝါဒ များကို တိုက်ခိုက်ချေမှုန်း ခဲ့သည့် အပေါ် အပြည့်အဝ ထောက်ခံကြောင်း ပါဝင် ခဲ့သည်။

ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် Sehwan မြို့ရှိ ဘာသာရေး အဆောက်အဦ တစ်ခုတွင် ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက အသေခံဗုံးဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ ၇၂ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိစေခဲ့သည်။ ယင်း အများအပြား သေဆုံးဒဏ်ရာရရှိစေသည့် အကြမ်းဖက် တိုက်ခိုက်မှု ကို IS အကြမ်းဖက် အဖွဲ့အစည်း မှ ပြုလုပ်ခဲ့ကြောင်း ကြေညာ ခဲ့သည်။ (Xinhua)