Connect with us

International Organizations

ပြင်သစ်သံတမန်တစ်ဦးကို ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့အကြီးအကဲအဖြစ် အမည်စာရင်းသွင်း

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ် အကြီးအကဲသစ်ဖြစ်လာသူ Jean-Pierre Lacroix အားတွေ့ ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်က လာမည့်နှစ်အတွက် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြင်သစ်သံတမန်တစ်ဦးဖြစ်သူ Jean-Pierre Lacroix အားခန့်အပ်ရန် ဖေဖော်ဝါရီလ ၁၄ ရက်က ထုတ်ဖော်ကြေညာခဲ့သည်။

အသက် ၅၆ နှစ်အရွယ်ရှိ Lacroix သည် ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ရာထူးမှ အနားယူတော့မည့် Herve Ladsous နေရာ၌ အစားထိုး တာဝန်ယူသွားမည်ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

Ladsous သည် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့အကြီးအကဲအဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ အတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ကြေညာချက်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ လက်ထောက် နိုင်ငံရေးရာရာထူးအတွက် Jeffrey Feltman အား ၂ဝ၁၈ ခုနှစ် ဧပြီလ ၁ ရက်အထိ ၎င်း၏ ရာထူးတာဝန်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးပေးလိုက်ကြောင်းလည်း ဖော်ပြပါရှိသည်။

အမေရိကန်သံတမန်တစ်ဦးဖြစ်သူ Feltman သည် ၂ဝ၁၂ ခုနှစ်ကတည်းက အဆိုပါ ရာထူးကို ရယူခဲ့သူဖြစ်သည်။၎င်း ရာထူးနှစ်ခုသည် အထွေထွေအတွင်းရေးမှူးချုပ် လက်အောက်တွင်လုပ်ကိုင်နေသော အလွန်အရေးပါသည့် ကုလသမဂ္ဂဝန်ထမ်းရာထူးများဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပြင်သစ် နှင့် အမေရိကန်နိုင်ငံတို့မှ ဖြစ်ကြသည်။

ထုတ်ပြန်ချက်ထဲတွင် ဂူတာရက်စ်က ကုလသမဂ္ဂငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ ၊ လုပ်ဆောင်ချက် နှင့် ဖွဲ့စည်းပုံများကို ပြန်လည်သုံးသပ်ရေး ရုံးတွင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.