Latin America
ကျူးဘား- အမေရိကန် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
ဟာဗားနား၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
ကျူးဘားနှင့် အမေရိကန်မှ ကျွမ်းကျင်သူများ ဝါရှင်တန်၌ ယခုရက်သတ္တပတ်အတွင်း ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဧပြီလ ၂ ရက်က ပြောကြားခဲ့သည်။
နာတာရှည် ဖျားနာမှုဖြစ်စေတတ်သော ဇီကာ၊ ခြင်ကတဆင့် ကူးစက်တတ်သော အဖျားရောဂါများ (dengue, chikungunya) စသည်များအား ကာကွယ်၊ ကုသခြင်းနှင့် သုတေသနလုပ်ခြင်း စသည်တို့၌ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။
အနာဂတ်တွင်လည်း ဆေးပညာဆိုင်ရာ သုတေသန၊ သက်ကြီးရွယ်အို၊ စိတ်ကျန်းမာရေးနှင့် အခြေခံကျန်းမာ ရေး စောင့်ရှောက်မှုများ အပါအဝင် အကြောင်းအရာတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ ကျန်းမာရေး ဆွေးနွေးပွဲအား အမေရိကန် သမ္မတ ဘားရတ် အိုဘားမား လွန်ခဲ့သည့်လအတွင်း ကျူးဘားနိုင် ငံသို့ လာရောက်စဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)