Connect with us

Latin America

အမှုထမ်း ၄၄ဦးလိုက်ပါလာသည့် အာဂျင်တီးနား ရေငုပ်သင်္ဘော ထူးဆန်းစွာပျောက်ဆုံးသွား

ထူးဆန်းစွာပျောက်ဆုံးသွားသည့် ARA San Juan ရေငုပ်သင်္ဘောအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗျူနိုအေးရိစ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမှုထမ်း ၄၄ဦးလိုက်ပါလာသည့် အာဂျင်တီးနား ရေငုပ်သင်္ဘောတစ်စီးနှင့် တောင်အတ္တလန္တိတ်ပင်လယ်ပြင် အတွင်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း စစ်တပ်အာဏာပိုင်များက နိုဝင်ဘာ၁၇ ရက်တွင်ပြောကြားခဲ့သည်။

ARA San Juan ရေငုပ်သင်္ဘောသည် ဗျူနိုအေးရိစ်မြို့ တောင်ပိုင်း ၁,၄၀၀ ကီလိုမီတာ အကွာခန့် Puerto Madryn မြို့ အနီးရှိ အာဂျင်တီးနားနိုင်ငံ၏ အထူးစီးပွားရေးဇုန်အတွင်း စောင့်ကြည့်ထောက်လှမ်းရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။အတ္တလန္တိတ်ဆိုင်ရာ အာဂျင်တီးနားရေတပ် ဒုတိယဗိုလ်မှူးကြီး Gabriel Gonzalez က လွန်ခဲ့သည့် ၄၈နာရီက ရေငုပ်သင်္ဘောနှင့် ရေဒီယိုဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း နိုဝင်ဘာ ၁၇ရက်က သတင်းထောက်များအားပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၅ရက်တွင် ရေငုပ်သင်္ဘော နှင့် နောက်ဆုံးအဆက်အသွယ်ရရှိခဲ့ကြောင်းသိရပြီး ရေငုပ်သင်္ဘောအား ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သတင်းများကခန့်မှန်းဖော်ပြချက်များကို ရေတပ်ပြောရေးဆိုခွင့်ရှိသူ Enrique Balbi က ငြင်းဆန်ထားခဲ့သည်။

ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ ကောလဟလများကို ပြန်လည်ဖြေရှင်းရာတွင် Balbi က ရေငုပ်သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားသည့်သတင်းမှာ တရားဝင်သတင်းအချက်အလက်မဟုတ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်နိုင်ကြောင်း နှင့် ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း ပြောကြားခဲ့သည်။လေယာဉ်ပျံ ၃စီး၊ သင်္ဘော ၄စင်း နှင့် ရဟတ်ယာဉ် တစ်စီးတို့သည် ပျောက်ဆုံးနေသည့် ရေငုပ်သင်္ဘောအား ရှာဖွေနေကြကြောင်း သိရသည်။ARA San Juan ရေငုပ်သင်္ဘောသည် ဂျာမနီနိုင်ငံတွင်ထုတ်လုပ်ခဲ့သော TR-1700 အမျိုးအစား ရေငုပ်သင်္ဘောဖြစ်ပြီး ၁၉၈၅ခုနှစ်တွင် အာဂျင်တီးနားရေတပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ (Xinhua)