Connect with us

Latin America

ချီလီ သမ္မတ ရွေးကောက်ပွဲတွင် မဲပြတ် အနိုင်ရသူ မရှိ


ဆန်တီယာဂို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ ဆန္ဒမဲ ၉၀ ရာခိုင်နှုန်း ရေတွက်ပြီးနောက် အဓိက ပြိုင်ဘက်များ ဖြစ်သော ချီလီ သမ္မတဟောင်း Sebastain Pinera နှင့် လက်ဝဲယိမ်း Alejandro Guillier တို့အနက် မည်သူမျှ အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း မရှိဘဲ ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ် ထပ်မံ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် Pinera ကထောက်ခံမဲ ၃၆.၆၆ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ၎င်း၏ အဓိကပြိုင်ဘက် ဗဟို လက်ဝဲယိမ်း သမ္မတလောင်း Alejandro Guillier က ၂၂.၆၃ ရာခိုင်နှုန်း၊ လက်ဝဲယိမ်း မဟာမိတ်အဖွဲ့ Frente Amplio (Broad Front) ခေါင်းဆောင် Beatriz Sanchez က ၂၀.၃၄ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း ချီလီ (Servel) ရွေးကောက်ပွဲအဖွဲ့မှ နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်အရ သိရသည်။

ချီလီနိုင်ငံသားများသည် လက်ရှိ သမ္မတ Michelle Bachelet ၏ နေရာအတွက် ရွေးကောက်ရန် ဆန္ဒမဲပေးကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပထမအကျော့တွင် မဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော် ရရှိပါက ရွေးကောက်ပွဲ အပြီး အနိုင်ရမည် ဖြစ်သည်။

ချီလီနိုင်ငံ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် သမ္မတဟောင်း Sebastain Pinera နှင့်ဆန္ဒမဲထည့်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ချီလီနိုင်ငံ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် သမ္မတဟောင်း Sebastain Pinera နှင့်ဆန္ဒမဲထည့်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ချီလီနိုင်ငံ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် သမ္မတဟောင်း Sebastain Pinera နှင့်ဆန္ဒမဲထည့်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နောက်ဆုံး အချိန်ထိ အံ့သြဖွယ် ပြတ်ပြတ်သားသား ပြောင်းလဲ အနိုင်ရမှု မဖြစ်ပေါ်ခဲ့ပါက Pinera နှင့် Guillier တို့သည် ဒီဇင်ဘာလ ၁၇ ရက်တွင် သမ္မတ နေရာအတွက် ထပ်မံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Pinera သည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ချီလီနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေး တိုးတက်မှုနှင့် လုံခြုံရေးအတွက် တာဝန်ရှိသူအဖြစ် ခံယူကာ ၎င်းကိုယ်တိုင် ရာထူးအား စွန့်လွှတ်ခဲ့သူဖြစ်သည်။ Guillier ကမူ ဗဟို လက်ဝဲယိမ်းတို့၏ မျှော်လင့်ချက်ဖြစ်ပြီး Bachelet ၏ နေရာကို ဆက်လက်အမွေခံကာ ပြုပြင်ပြောင်းလဲမှု ပိုမို လုပ်ဆောင်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း သစ္စာပြုထားသူ ဖြစ်သည်။

ရွေးကောက်ပွဲ တရားဝင် နောက်ဆုံး ရလဒ်များကို နိုဝင်ဘာလ ၂၀ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.