Connect with us

Latin America

ကမ္ဘာ့အသက်ကြီးဆုံး သစ်ကုလားအုပ် Tiki သေဆုံး

ဆန်ဖရန်စစ္စကို ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်(Oakland) တိရစ္ဆာန်ရုံအတွင်းရှိ ကမ္ဘာ့အသက်ကြီးဆုံး သစ်ကုလားအုပ်များထဲတွင် တစ်ကောင်အပါအဝင်ဖြစ်သည့် သစ်ကုလားအုပ်တစ်ကောင်မှာ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းတိရစ္ဆာန်ရုံ၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၆ ရက်က ရေးသားဖော်ပြထားသည်။

အသက် ၂၈ နှစ် အရွယ်ရှိ Tiki ဟု အမည်မှည့်ခေါ်ထားသည့် သစ်ကုလားအုပ်ကြီးမှာ လွန်ခဲ့သော ၉ နှစ်ကျော်ကတည်းက ဆောင်းရာသီ အအေးဒဏ်ခံနိုင်ရန် အနွေးဓာတ်ပေးခဲ့ရကြောင်း သိရသည်။

သစ်ကုလားအုပ်ကြီး Tiki သည် တိရစ္ဆာန်ရုံအတွင်း နေထိုင်စဉ် လည်ပင်း ၊ နောက်ကျော နှင့် ခြေထောက် တို့တွင် အဆစ်ရောင် ရောဂါအပါအဝင် ရောဂါဝေဒနာမျိုးစုံကို ခံစားခဲ့ရကြောင်း သိရသည်။

“ Tiki ကို ဆုံးရှုံးလိုက်ရတာဟာ ရင်ထဲမှာ အလွန်ကို ထိခိုက်ခံစားရပါတယ်” တိရစ္ဆာန်ရုံ၏ တွစ်တာ အကောင့်တွင် ရေးသား ဖေါ်ပြထားသည်။

ပြီးခဲ့သော နှစ်များအတွင် Tiki သည် သစ်ကုလားအုပ်သားပေါက် ၅ ကောင်ကို ကျန်းမာသန်စွမ်းစွာ မွေးဖွားပေးခဲ့ကြောင်း နှင့် ၎င်းကိုယ်တိုင် မွေးဖွားခဲ့ခြင်းမဟုတ်သည့် အခြား သစ်ကုလားအုပ်သားပေါက် ၇ ကောင်ကိုလည်း ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း တိရစ္ဆာန်တာဝန်ရှိသူ ကဆိုသည်။

သစ်ကုလားအုပ်ကြီး Tiki သည် စိတ်ရှည်ခြင်း ၊ နူးညံ့သိမ်မွေ့ခြင်းတို့ကြောင့် တိရစ္ဆာန်ရုံသို့လာရောက်လည်ပတ်ကြသူများအတွက် အချစ်ခံရသော တိရစ္ဆာန်တစ်ကောင်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.