Connect with us

Latin America

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်သို့ ချီလီနိုင်ငံ ဆောလျင်စွာ ဝင်ရောက်လိုကြောင်း ချီလီ သမ္မတ ပြောကြား

ချီလီနိုင်ငံ သမ္မတ မစ်ရှဲလ် ဘတ်ချလတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီဂို၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အစပြု ဖော်ဆောင်ထားသည့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သို့ ဖြစ်နိုင်သမျှ မြန်မြန် ပါဝင် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ချီလီနိုင်ငံ သမ္မတ မစ်ရှဲလ် ဘတ်ချလတ် (Michelle Bachelet) က နိုဝင်ဘာလ ၂၂ ရက်က ပြောကြားလိုက်သည်။

ဘတ်ချလတ်က အဆိုပါ မှတ်ချက်အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဆန်တီဂိုမြို့သို့ နိုဝင်ဘာလ ၂၂ ရက် နေ့လည်ပိုင်းက ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိချိန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

သမ္မတ နှစ်ဦး တွေ့ဆုံပြီးနောက် ပူးတွဲထုတ်ပြန်ချက်၌ နှစ်နိုင်ငံအနေဖြင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပြုလုပ်ရန် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန်နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) အား အဆင့်မြှင့်တင်ရေး စတင် ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

“ချီလီနှင့် တရုတ်နိုင်ငံတို့အကြား FTA အဆင့်မြှင့်တင်ခြင်းဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ မြှင့်တင်ပေးနိုင်လိမ့်မယ်” ဟု ချီလီ သမ္မတ ဘတ်ချလတ်က ပြောသည်။

ထို့ပြင် တရုတ် လုပ်ငန်းရှင်များအနေဖြင့် ချီလီနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုကြောင်း၊ ချီလီနိုင်ငံကလည်း AIIB သို့ မြန်နိုင်သမျှ မြန်မြန် ချိတ်ဆက်ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ချီလီသည် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ လက်တင် အမေရိက ခရီးစဉ်၏ နောက်ဆုံး နိုင်ငံဖြစ်သည်။ ရှီသည် အီကွေဒေါနှင့် ပီရူးနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဖြစ်သလို ပီရူးနိုင်ငံ မြို့တော် လီမာတွင် ပြုလုပ်သည့် ၂၄ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ၏ စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.