Connect with us

Latin America

ရဲတပ်ဖွဲ့ဝင်များ သပိတ်မှောက်မည့် အရိပ်အယောင်ကြောင့် စစ်သား ၉,၀၀၀ ရီယိုဒီဂျနေးရိုး၌ တပ်ဖြန့်ထား

ခရီးသွား ဧည့်သည် တစ်ဦးနှင့် လုံခြုံရေးယူနေသည့် ဘရာဇီး စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေရိုး၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သပိတ်မှောက်နိုင်ခြေရှိသည့်အတွက် စစ်သား ၉,၀၀၀ ဦး ဝန်းကျင် တပ်ဖြန့်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ စစ်သားများသည် ရီယိုဒီဂျနေးရိုးမြို့၊ Niteroi မြို့နှင့် Sao Goncalo မြို့များ၌ ဖေဖော်ဝါရီလ ၂၂ ရက် အထိ ကင်းလှည့်နေကြမည် ဖြစ်သလို ကာနီဗယ်ပွဲတော် မတိုင်မီအချိန်အထိ ဆက်လက် လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Raul Jungmann က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်း တပ်ဖွဲ့ဝင်များအား ဘရာဇီးနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော ရီယိုဒီဂျနေးရိုးရှိ အဓိက အဝေးပြေး လမ်းမကြီး တစ်လျှောက်နှင့် Copacabana ၊ Ipanema စသည့် ခရီးသွား ဧည့်သည်များ အသွားအလာများသော နေရာများ၌ ဖေဖော်ဝါရီလ ၁၄ ရက် နေ့လည်ပိုင်းက တွေ့မြင်နိုင်သည်။

ဘရာဇီး ရဲတပ်ဖွဲ့ဝင်များက လစာ တိုးတက်မှုမရှိခြင်းနှင့် လုပ်ငန်းခွင် အခြေအနေများအား ဆန္ဒပြသည့် အနေဖြင့် ၎င်းတို့ တပ်ရင်းအတွင်းမှသာ နေထိုင် ဆန္ဒပြကြသဖြင့် ရီယို ပြည်နယ် အုပ်ချုပ်ရေးမှူး Luiz Fernando Pezao က သမ္မတ မစ်ချယ်တီမာထံ မေတ္တာရပ်ခံခဲ့သည့်အတွက် ယခုလို စစ်သားများ တပ်ဖြန့်ထားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.