Connect with us

Latin America

ဘရာဇီး နိုင်ငံ တွင် Yellow Fever ရောဂါ ကူးစက်ခံရသဖြင့် သေဆုံးသူ ၈၂ ဦးအထိ ရှိလာခဲ့

ကလေးငယ် တစ်ဦးအား Yellow Fever ရောဂါ ကာကွယ်ဆေး ထိုးပေးနေသည်ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနရို ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က ဘရာဇီး နိုင်ငံ တွင် ယခု နှစ်ဆန်းပိုင်း မှ စတင်၍ Yellow Fever ရောဂါ ကူးစက်ပျံနှံ့မှု ကြီး ဖြစ်ပွား ချိန်မှ စတင်ကာ ယခု ချိန်တွင် ကူးစက်ခံရမှုပေါင်း ၂၄၃ ခုရှိလာပြီး သေဆုံးသူ ပေါင်း ၈၂ ဦး ရှိလာပြီး ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်အရ ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Minas Gerais ပြည်နယ်တွင် အဆိုးရွားဆုံး ဖြစ်ပွား ခဲ့ပြီး ကူးစက်ခံရမှုပေါင်း ၂၀၈ ခုဖြစ်ပွားကာ လူပေါင်း ၇၀ ဦးသေဆုံးခဲ့ရကြောင်း တွေ့ရှိခဲ့ရပြီး ဘရာဇီး နိုင်ငံ ရှိ အခြား ပြည်နယ်အသီးသီး တွင်လည်း ကူးစက်မှု နှင့် သေဆုံးမှုများ ဖြစ်ပွားစေခဲ့ကြောင်း သိရှိရသည်။

ယခု အကြိမ် ဖြစ်ပွား ခဲ့သည့် Yellow Fever ရောဂါပိုး ပျံနှံ့မှုကြီးသည် ဘရာဇီး နိုင်ငံ သစ်တော များအတွင်း ရှိ ရာပေါင်းများစွာသော မျောက်များကိုလည်း သေဆုံးစေခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် Yellow Fever ရောဂါ ကူးစက်ခံရမှု အများဆုံး ဖြစ်ပွားသည့် ကျေးလက်ဒေသ နှင့် သစ်တော ဒေသများတွင် နေထိုင်သူများနှင့် သွားရောက်လည်ပတ်မည့် သူများအား ကာကွယ်ဆေး ထိုးရန် ညွှန်ကြားခဲ့သည်။

ယခု ဖြစ်ပွားသည့် Yellow Fever ရောဂါ ကူးစက်မှုအား ဘရာဇီး နိုင်ငံ တစ်ခုတည်းတွင်မကဘဲ အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် ဘိုလီးဗီးယား တွင်လည်း တွေ့ရှိခဲ့ရသည်။ ဘိုလီးဗီးယား အစိုးရ အနေဖြင့်လည်း ယခုအကြိမ်ရောဂါပိုး ကူးစက်မှု ဖြစ်ပွားခြင်းသည် ၁၀ နှစ်တာ ကာလ အတွင်း ရောဂါပိုး ကူးစက်ခံရမှု တွေ့ရှိသည့် ပထမ ဦးဆုံးသော ဖြစ်စဉ် တစ်ခု ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

Yellow Fever ရောဂါ သည် Yellow Fever ဗိုင်းရပ်စ် မှ ဖြစ်ပွားစေသည့် ကူးစက်ပျံနှံ့လွယ်သော ရောဂါ အမျိုးအစား ဖြစ်ပြီး အဓိက အားဖြင့် ခြင်မှတစ်ဆင့် ကူးစက်ပျံနှံ့ခြင်း ဖြစ်သည်။ ရောဂါပိုး ကူးစက်ခံရပါက ကိုယ်ပူခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အသားဝါခြင်း ၊ သွေးလွန်ခြင်း စသည့် လက္ခဏာ များကို တွေ့ရှိရပြီး ရောဂါ အခြေအနေ ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည့် ရောဂါ အမျိုးအစား ဖြစ်သည်။ Yellow Fever ရောဂါ ကို ကုသနိုင်ရန် အထူး ကုသမှုမျိုးလက်ရှိချိန်တွင် မတွေ့ရှိသေးသော်လည်း ရောဂါ မဖြစ်ပွားရန် ကြိုတင်ကာကွယ် နိုင်သည့် ကာကွယ်ဆေး ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.