Connect with us

Latin America

အမေရိကန် သမ္မတ ရွေးကောက်ပွဲအား စီစဉ်ထားသည့်အတိုင်း နိုဝင်ဘာလတွင် ကျင်းပမည်ဟုဆို

အမေရိကန်နိုင်ငံရှိ အိမ်ဖြူတော် အဆောက်အအုံအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) 

အမေရိကန် သမ္မတ ရွေးကောက်ပွဲအား နှောင့်နှေးကျင်းပဖွယ်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရန့်က အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် စီစဉ်ထားသည့်အတိုင်း အမေရိကန် သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ အရာရှိများက ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပဖြစ်ပါတယ်။ သမ္မတကတော့ အနိုင်ရမှာပေါ့။”ဟု အိမ်ဖြူတော် ဝန်ထမ်းရေးရာအရာရှိချုပ် Mark Meadows က CBS သတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ Meadows ၏ မှတ်ချက်စကားများအပေါ် သမ္မတမဲဆွယ်စည်းရုံးရေး အကြံပေး Jason Miller က သံယောင်လိုက်၍ Fox News Sunday အစီအစဉ်တွင် “ရွေးကောက်ပွဲက နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး သမ္မတ ထရန့်က ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်မှာ ဖြစ်စေချင်ခဲ့တာပါ။”ဟု ပြောကြားခဲ့သည်။ 

သမ္မတ ဒေါ်နယ်ထရန့်က စာတိုက်မှတစ်ဆင့် အဝေးရောက် မဲပေးခြင်းသည် သမိုင်းတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအား မှန်ကန်မှု မရှိဆုံး နှင့် လိမ်လည်မှု အများဆုံး ဖြစ်စေမည်ဟု စွပ်စွဲခဲ့ပြီး နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲရွှေ့ဆိုင်းနိုင်ချေရှိကြောင်းရန် ဇူလိုင် ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.