Connect with us

Latin America

ကိုလံဘီယာ၌ စစ်ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွား ၊ တပ်ဖွဲ့ဝင် အနည်းဆုံး ၉ ဦး သေဆုံး

ကိုလံဘီယာ နိုင်ငံပိုင် UH-60 အမျိုးအစား ရဟတ်ယာဉ် တစ်စင်း အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘိုဂိုတာ ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ၌ UH-60 အမျိုးအစား စစ်ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွား ခဲ့ကြောင်း ၊ အခင်းဖြစ်ပွားချိန်တွင် ရဟတ်ယာဉ်ပေါ် တွင် တပ်ဖွဲ့ဝင် ၁၇ ဦး လိုက်ပါခဲ့ပြီး လက်ရှိတွင် ၉ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း ကိုလံဘီယာ နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဇူလိုင် ၂၁ ရက် ညပိုင်း တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်သည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်း တွင် ကိုလံဘီယာ နိုင်ငံ အရှေ့တောင်ပိုင်း Guaviare ပြည်နယ် မှ စတင် ထွက်ခွာ ခဲ့ပြီး တရားမဝင် လက်နက်ကိုင် အဖွဲ့တစ်ခုအား စစ်ဆင်ရေးဆောင်ရွက်နေစဉ် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း ၊ ကိုလံဘီယာ စစ်ဘက်ဆိုင်ရာ အနေဖြင့် ကယ်ဆယ်ရေး အဖွဲ့ စေလွှတ်ခဲ့ရာ နေ့လယ်ပိုင်း တွင် ရဟတ်ယာဉ် ၏ အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၉ လောင်း ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုလံဘီယာ နိုင်ငံ စစ်ဦးစီးချုပ်က အခင်းဖြစ်ပွားရသည့် အကြောင်းအရင်း နှင့် ပတ်သက်၍ လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း နှင့် ဒဏ်ရာရရှိသူများမှာ ပြင်းထန် သဖြင့် အရေးပေါ် ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် ၎င်း တို့ အား မြို့တော် ဘိုဂိုတာ သို့ ပို့ဆောင်ပေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117