Connect with us

Latin America

အမေရိကန် သမ္မတ ရွေးကောက်ပွဲအား စီစဉ်ထားသည့်အတိုင်း နိုဝင်ဘာလတွင် ကျင်းပမည်ဟုဆို

အမေရိကန်နိုင်ငံရှိ အိမ်ဖြူတော် အဆောက်အအုံအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) 

အမေရိကန် သမ္မတ ရွေးကောက်ပွဲအား နှောင့်နှေးကျင်းပဖွယ်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရန့်က အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် စီစဉ်ထားသည့်အတိုင်း အမေရိကန် သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ အရာရှိများက ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပဖြစ်ပါတယ်။ သမ္မတကတော့ အနိုင်ရမှာပေါ့။”ဟု အိမ်ဖြူတော် ဝန်ထမ်းရေးရာအရာရှိချုပ် Mark Meadows က CBS သတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ Meadows ၏ မှတ်ချက်စကားများအပေါ် သမ္မတမဲဆွယ်စည်းရုံးရေး အကြံပေး Jason Miller က သံယောင်လိုက်၍ Fox News Sunday အစီအစဉ်တွင် “ရွေးကောက်ပွဲက နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး သမ္မတ ထရန့်က ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်မှာ ဖြစ်စေချင်ခဲ့တာပါ။”ဟု ပြောကြားခဲ့သည်။ 

သမ္မတ ဒေါ်နယ်ထရန့်က စာတိုက်မှတစ်ဆင့် အဝေးရောက် မဲပေးခြင်းသည် သမိုင်းတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအား မှန်ကန်မှု မရှိဆုံး နှင့် လိမ်လည်မှု အများဆုံး ဖြစ်စေမည်ဟု စွပ်စွဲခဲ့ပြီး နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲရွှေ့ဆိုင်းနိုင်ချေရှိကြောင်းရန် ဇူလိုင် ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)