Connect with us

Latin America

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းတွင် ပေါက်ကွဲမှုဖြစ်ပွား ၊အနည်းဆုံးလူ ၁၀ ဦး သေဆုံး

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ဩဂုတ် ၅ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲဘက်ဆိုင်ရာနှင့်ဆေးဝန်ထမ်းများ၏ ပြောကြားချက်အရ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံအမြောက်အမြားပျက်စီးခဲ့ကြောင်း သိရသည်။ 

ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် ၁၈ နာရီ ခန့်က ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးခိုးမည်းများအလိပ်လိုက်တက်လာသည်ကို ကီလိုမီတာအနည်းငယ်အကွာခန့်က ရှင်းလင်းစွာ တွေ့မြင်ခဲ့ရကြောင်း သိရသည်။ ပေါက်ကွဲမှုအရှိန်ကြောင့် အဆောက်အအုံအမြောက်အမြားပျက်စီးခဲ့ပြီး နေအိမ်အချို့ပြိုလဲခဲ့ကြောင်းသိရသည်။ 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှုအတွင်း လူ ၁၀ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း  ရဲဘက်ဆိုင်ရာနှင့်ဆေးဝန်ထမ်းများက ဆိုသည်။ ပြိုကျပျက်စီးနေသည့် အဆောက်အအုံအောက်တွင် ပိတ်မိနေသူ ပျောက်ဆုံးနေသူ ရှိနိုင်ကြောင်း ကယ်ဆယ်ရေးသမားများ ပြောကြားခဲ့သည်။ လက်ရှိ အချင်းဖြစ်ပွားသည့် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း နှင့် ဒေသခံ ရဲတပ်ဖွဲ့က ဆိပ်ကမ်းနေရာအတွင်း ဓါတုပစ္စည်းသိုလှောင်ရုံအချို့ရှိကြောင်း ဆိုသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117