ကာရာကာ့စ် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ၌ မတ် ၇ ရက်က စတင်၍ ကြီးမားသည့် လျှပ်စစ်မီး ပြတ်တောက်မှု နှင့် ကြုံတွေ့ခဲ့ရပြီး ယခုအခါ တစ်နိုင်ငံလုံး နီးပါး လျှပ်စစ်မီး ပြန်လည် ရရှိစေရန် နည်းပညာ အဖွဲ့များက ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်း...
ကာရာကတ်စ် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံအတွင်း ကျန်ရှိနေသည့် အမေရိကန် သံတမန်များ၏ နေထိုင်ခွင့်ကာလကို ထပ်မံတိုးမြှင့်ပေးတော့မည်မဟုတ်ဘဲ ၇၂ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ဗင်နီဇွဲလား အစိုးရက မတ် ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကာရာကတ်စ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အစိုးရ သည် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေသည့်အတွက် စာသင်ကျောင်းများ နှင့် အစိုးရရုံးများ ပိတ်ထားမှုကို သုံးရက်မြောက်အဖြစ် ထပ်မံပိတ်ထားရန် မတ် ၁၁ ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကာရာကာ့စ်၊ မတ် ၁၂ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံအစိုးရက နိုင်ငံအတွင်း မတ် ၇ ရက် ညနေပိုင်းမှ စ၍ ဖြစ်ပေါ်နေသည့် မီးအမှောင်ကျမှု အဆုံးသတ်ရေး ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ် လေးခုကို မတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆော်ပေါ်လို၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆော်ပေါ်လိုမြို့ နှင့် အခြားသော မြို့ပြဧရိယာများတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၁၁ဦးသေဆုံးပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက မတ် ၁၁ရက်တွင်ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရိုး ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ၁၉၆ဝ ပြည့်လွန်နှစ်များတွင် ဘရာဇီး ဆန်းတိုစ့်(Santos) ကလပ်အသင်း၌ ဘောလုံးဘုရင် ပီလီနှင့်အတူ တွဲဖက်ခြေစွမ်းပြခဲ့သည့် နာမည်ကျော်ထိပ်တန်းကစားသမား ကော့တင်ဟို(Coutinho) သည် အသက် ၇၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဘိုဂိုတာ ၊ မတ် ၁၀ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ၌ မတ် ၉ ရက်က လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားပြီးနောက် စုစုပေါင်း လူ ၁၂ ဦးသေဆုံးသွားကြောင်း ကိုလံဘီယာနိုင်ငံ ပြည်သူ့လေကြောင်း အထူးစီမံခန့်ခွဲမှုဌာနက ပြောကြားခဲ့သည်။
ကာရာကာ့စ်၊ မတ် ၉ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်င ံတွင် အယ်လ်ဂူရီ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ၌ အဖျက်လုပ်ရပ်တစ်ခု ကြောင့် နိုင်ငံတစ်ဝန်းမြို့တော် ကာရာကာ့စ်နှင့်အခြားဒေသများတွင်ပါ မတ်လ ၇ ရက် မွန်းလွဲပိုင်းမှစ၍လျှပ်စစ် မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း ဗင်နီဇွဲလားအာဏာပိုင်များကပြောကြားခဲ့ကြသည်။
လီမား၊ မတ် ၉ ရက် (ဆင်ဟွာ) ပီရူးအစိုးရအဖွဲ့က ပီရူးနိုင်ငံဝန်ကြီးချုပ် ဆီဇာ ဗီလာနျူဗာ (Cesar Villanueva) ၏ ရာထူးတာဝန်မှ နုတ်ထွက်မှု အား မတ်လ ၈ ရက်နေ့က အတည်ပြုခဲ့ကြောင်း သိရသည်။
ဟာဗားနား၊ မတ် ၇ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးမှု လျော့နည်းစေရေးအတွက် hydro fluorocarbons (HFCs) သုံးစွဲမှုကိုလျှော့ချရန် ပြင်ဆင်လျက်ရှိကြောင်း တရားဝင်သတင်းရင်းမြစ်က မတ်လ ၆ ရက်နေ့တွင် ပြောသည်။