Connect with us

Latin America

ချီလီနိုင်ငံ ဆန္ဒပြမှုများကြောင့် လူ ၁၁ ဦးသေဆုံး

ချီလီနိုင်ငံတွင် ဆန္ဒပြမှုများ၌ ပါဝင်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂိုနှင့် မြို့တော်ဧရိယာ၌ သီတင်းပတ်ကျော်အတွင်း ဆန္ဒပြမှုများကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၁  ရက်တွင် ပြောကြားခဲ့သည်။

မြေအောက်ရထားလက်မှတ်များ တိုးမြှင့်ခြင်းအားဖြင့် ဖြစ်ပေါ်လာခဲ့သည့် ဆန္ဒပြမှုများက လူနေမှုစရိတ်နှင့် ဝန်ဆောင်မှုအားနည်းခြင်းများကို ဆန့်ကျင်သော အဓိကရုဏ်းများအဖြစ် ကြီးထွားလာကာ မြေအောက်ဘူတာများစွာအား ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ချီလီနိုင်ငံ သမ္မတ Sebastian Pinera က မြို့တော်နှင် အနီးဝန်းကျင်နေရာအား အောက်တိုဘာ ၁၉ ရက်က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဆန္ဒပြမှုများကိုနှိမ်နင်းရန် စစ်တပ်ထားရှိကာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ နောက်ပိုင်း၌ သမ္မတက ရထားလက်မှတ်နှုန်းထား တိုးမြှင့်မှုအား ဆိုင်းငံ့ကြောင်းနှင့် အဓိကရုဏ်း ဆက်လက်ဖြစ်ပွားပါက အရေးပေါ်အခြေအနေ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ချီလီနိုင်ငံ၏ လမ်းများပေါ်တွင် စစ်သားများ စောင့်နေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ချီလီနိုင်ငံ၏ လမ်းများပေါ်တွင် စစ်သားများ စောင့်နေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီယာဂို မြို့တော်ဝန် ကာလာ ရူဘီလာ (Karla Rubilar) ကလည်း “ကျွန်မတို့ ပြန်လည်တည်ဆောက်ခြင်းဆီ ဦးတည်သွားရမှာဖြစ်သလို ယုံကြည်မှုတည်ဆောက်ဖို့လည်း လုပ်သွားရမှာပါ” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဆန်တီယာဂိုမြို့တွင် ရထားဘူတာရုံ ၄၁ ခု ပျက်စီးသွားသည့်အတွက် အောက်တိုဘာ ၂၁ ရက်တွင် မြေအောက်ရထားလမ်း ၆ ခုအနက် တစ်ခုသာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ သို့သော် မြို့တွင်းနေရာများသို့ အခမဲ့သွားရောက်ရန်အတွက် ဘတ်စ်ကား ၄၆၅ စီးအား အစားထိုး လည်ပတ်ပေးသွားမည် ဖြစ်ကြောင်း ရူဘီလာက ဆိုသည်။

လက်မှတ်နှုန်းထားများအား စတင်တိုးမြှင့်မှုများကြောင့် ဆန္ဒပြမှုများမှာ အောက်တိုဘာ ၁၄ ရက်တွင် စတင်ဖြစ်ပေါ်လာခဲ့သော်လည်း အငြိမ်းစားလစာငယ်များ၊ အနိမ့်ဆုံးလုပ်ခလစာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အခြားဝန်ဆောင်မှုများဆိုင်ရာ ဆန္ဒပြမှုများအဖြစ်သို့ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117