Connect with us

Latin America

ရော်နယ်ဒင်ဟိုအား ခရီးသွားခွင့် ပိတ်ပင်ခံရသည့်ကြားမှ ဘရာဇီးနိုင်ငံ၏ ခရီးသွားလုပ်ငန်း သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရ

ဘောလုံးသမား ရော်နယ်ဒင်ဟိုအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ဘောလုံးအကျော်အမော် တစ်ဦးဖြစ်သူ ရော်နယ်ဒင်ဟို (Ronaldinho) သည် တောင်အာဖရိကနိုင်ငံမှ ထွက်ခွာခွင့် တားမြစ်ကြောင်း တရားရုံးမှ အမိန့်ချထားသည့်ကြားမှ ဘရာဇီးနိုင်ငံ၏ ခရီးသွားလုပ်ငန်း သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရကြောင်း သိရသည်။

အသက် ၃၉ နှစ်အရွယ် ရော်နယ်ဒင်ဟိုသည် ဘရာဇီးနိုင်ငံအား ကမ္ဘာလှည့်သွားဧည့်သည်များ လာရောက်လည်ပတ်ရာ နေရာအဖြစ် မြှင့်တင်ရန် ရွေးချယ်ထားသူ ၁၅ ဦးအနက် “နိုင်ငံတကာ ပုဂ္ဂိုလ်တစ်ဦး” ဖြစ်ကြောင်း နိုင်ငံပိုင် Embratur ခရီးသွားလုပ်ငန်းက ကြေညာချက်တွင် ဖော်ပြထားသည်။

“ကျွန်တော် ဘယ်ကိုပဲသွားသွား ကျွန်တော်တို့နိုင်ငံ ကောင်းကြောင်း ဆက်လက်ပြောနိုင်ဖို့ မျှော်လင့်ပါတယ်။ လာရောက်လည်ပတ်ကြဖို့လဲ ဖိတ်ခေါ်ပါတယ်။ ဒီအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်” ရော်နယ်ဒင်ဟိုက ပြောခဲ့သည်။

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုသည် ၂၀၁၅ ခုနှစ် အမှုမှ ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း အစိုးရရှေ့နေများက ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ပြောခဲ့ပြီးနောက် ၎င်း၏ နိုင်ငံကူးလက်မှတ်အား သိမ်းဆည်းခြင်းခံခဲ့ရခြင်း ဖြစ်သည်။

ဖီဖာ ကမ္ဘာ့ဘောလုံးကစားသမားဆု ၂ ကြိမ်ရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံနှင့် ကမ္ဘာ့ဖလားဆုရှင်ဖြစ်ခဲ့သည့် ရော်နယ်ဒင်ဟိုသည် ၂၀၁၈ ခုနှစ်က ဘောလုံးလောကမှ အနားယူခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.