Connect with us

Latin America

ဘိုလီးဗီးယား နိုင်ငံ၌ မူးယစ်ဆေးဝါး တန် ၂၂၀ အား ရှစ်လ အတွင်း ဖမ်းဆီးရမိ

ဘိုလီးဗီးယား နိုင်ငံ မြို့ တော် လာပတ်ဇ်အား တွေ့ ရစဉ်(ဆင်ဟွာ)

လာပတ်ဇ် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ဘိုလီးဗီးယား မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လ အထိ ပြုလုပ်ခဲ့သော စစ်ဆင်ရေး ၈,၂၆၂ ခု အတွင်း မူးယစ်ဆေးဝါး ၂၂၀.၇ တန်အား ဖမ်းဆီးရမိ ခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ချို့၏ ထောက်ပံ့မှုများ နှင့် အတူ ဘိုလီးဗီးယား မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်မှု ပုံစံသည် အရေးကြီးသည့် ရလဒ်များကို ရရှိလာခဲ့ကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီး Jose Luis Quiroga က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ၂၂၀.၇ တန်တွင် ကိုကင်း အရောအနှော ၆.၆ တန် ၊ ကိုကင်း ၄.၉ တန် ၊ ဆေးခြောက်စိုက်ခင်းမှ ရရှိသော မူးယစ်ဆေးဝါး ၂၀၄.၅ တန် နှင့် အသင့်ရောင်းချနိုင်သော ဆေးခြောက် ၄.၅ တန်တို့ပါဝင်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ယခုနှစ် ပထမ ရှစ်လတာ အတွင်း ရဲတပ်ဖွဲ့လက်ရွေးစင် အုပ်စုများ နှင့် လုပ်ငန်း တပ်ဖွဲ့များသည် သံသယ ရှိသူ ဘိုလီးဗီးယား နိုင်ငံသား နှင့် နိုင်ငံခြားသား ၂,၅၈၂ ဦးအား ဖမ်းဆီးခဲ့ကြောင်း ဘိုလီးဗီးယား အထူး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့(FELCN) ၏ အကြီးအကဲ ဖြစ်သူ ဗိုလ်မှူးကြီး Maximiliano Davila က ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး ကုန်ကူးခြင်းအား တိုက်ဖျက်ရန် အာဂျင်တီးနား နှင့် အတူ ပူးတွဲ စစ်ဆင်ရေး တစ်ခုကို ပြင်ဆင် နေကြောင်းလည်း ၎င်းက အသိပေး ပြောကြားခဲ့သည်။

ဘိုလီးဗီးယား အထူး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့(FELCN) အာဂျင်တီးနား အမျိုးသား ရဲတပ်ဖွဲ့ရုံး နှင့် အတူ သည် မူးယစ်ဆေးဝါး ကုန်ကူးခြင်း နှင့် အခြား နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများအား တိုက်ဖျက်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.