ရီယိုဒီဂျနေရို၊ မေ ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Sao Paulo မြို့လယ်ခေါင် ရှိ စွန့်ပစ်ထားသော ၂၆ထပ် ရုံးအဆောက်အအုံဟောင်း တစ်ခု တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မေ ၂ရက်အထိ လူ ၄၄ဦး ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များကပြောကြားခဲ့သည်။
ဟာဗာနား၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ သမ္မတ ရောလ်ကက်စထရို (Raul Castro) ၏ နေရာဆက်ခံမည့်သူအား ရွေးချယ်ရန် နှစ်ရက်တာကျင်းပသည့် အမျိုးသားညီလာခံအား ဧပြီလ ၁၈ ရက် နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
လီမာ ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်အစိုးရက ဆီးရီးယားကို နောက်ထပ် စစ်ရေးတိုက်ခိုက်မှုများပြုလုပ်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ဆီးရီးယားနှင့်၎င်း၏မဟာမိတ်နိုင်ငံများ၏ လက်တုံ့ပြန်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့်ချ် (Mike Pence)က ပီရူးနိုင်ငံ မြို့တော်လီမာတွင် ပြောကြားခဲ့သည်။
ဟာဗားနား၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း လက်တင်အမေရိကဒေသ အပေါ် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်းဒေသများ၏ အစိုးရများသည် ပြင်ပနှင့် ကူးလူးဆက်ဆံမှုများကို ပိုမို လုပ်ဆောင်လာသောကြောင့် လက်တင်အမေရိကအတွင်း အမေရိကန်တို့သည် သြဇာအာဏာလွှမ်းမိုးမှု ကျဆင်းလာခြင်း နှင့် ကြုံတွေ့နေရကြောင်း ကျူးဘားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဘိုဂိုတာ ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ အနောက်မြောက်ပိုင်း Antioquia ပြည်နယ် တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ က ဧပြီလ ၁၁ ရက်နေ့၌ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရာသဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
ရီယိုဒီဂျနေရိုး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဧပြီ ၁၁ရက်တွင် အကျဉ်းသားများက ထောင်ဖောက်ရန် ကြိုးပမ်းခဲ့ကြပြီးနောက် အနည်းဆုံး လူ ၂၀ဦး အသတ်ခံရကြောင်း တာဝန်ရှိသူ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ဧပြီလ ၇ ရက်က ဒုစရိုက်အဖွဲ့တစ်ခုအား ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၁၄၂ ဦး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ကရာကက်စ်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အလယ်ပိုင်း Valencia မြို့က ရဲစခန်းတစ်ခုရှိ ရဲအချုပ်အတွင်း အဓိကရုဏ်းနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆၈ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ တာဝန်ရှိသူများက မတ်လ ၂၈ ရက်က ပြောကြားလိုက်သည်။
ကီဒို ၊ မတ်လ ၂၅ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်ဘက်ရှိ ပင်လယ်ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် Manabi ပြည်နယ်တွင် မတ်လ ၂၄ ရက်က ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံပိုင် Petrobras ရေနံကုမ္ပဏီသည် ရေနံထုတ်လုပ်ပြီးနောက် ထွက်ရှိလာသည့် ရေဆိုးများအား သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်ခဲ့သဖြင့် ဘရာဇီးငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ဒဏ်ကြေးပေးဆောင်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၆...