International Organizations
နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်အများစုက ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာခံစားရသည့် နိုင်ငံများတွင် နေထိုင်ရကြောင်း UNHCR က ပြောကြား
ဘာကူ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပထမဆုံးရာသီဥတုအစီရင်ခံစာကို နိုဝင်ဘာ ၁၂ ရက်၌ ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည် သန်း ၁၂၀ အနက် သန်း ၉၀ ခန့်သည် လက်ရှိ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ခံစားရသည့် နိုင်ငံများ၌ နေထိုင်ကြပြီး ယင်းအနက် ထက်ဝက်သည် ပဋိပက္ခနှင့် ပြင်းထန်သော ရာသီဥတုဘေးအန္တရာယ်ခံရသော နေရာများတွင် နေထိုင်နေကြသည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။
《လွတ်မြောက်ရာနေရာမရှိ- ရာသီဥတု၊ ပဋိပက္ခနှင့် နေရပ်စွန့်ခွာမှု၏ ရှေ့တန်း》ဟု ခေါ်သော အစီရင်ခံစာကို 《ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း》 ၂၉ ကြိမ်မြောက် သက်ဆိုင်ရာပါတီများညီလာခံ (COP29) ကာလအတွင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာကို UNHCR နှင့် ပညာရှင်အဖွဲ့အစည်း ၁၃ ခု၊ သုတေသနအဖွဲ့အစည်းများနှင့် ဒုက္ခသည်များဦးဆောင်သောအဖွဲ့များနှင့် ပူးပေါင်းထုတ်ဝေခြင်းဖြစ်ရာ ရာသီဥတုနှင့် နေရပ်စွန့်ခွာမှုကြား အပြန်အလှန်ဆက်စပ်မှုနှင့် လက်ရှိရာသီဥတုဘဏ္ဍာရေးကွာဟချက် စသည်တို့ကို လေ့လာဆွေးနွေးခဲ့ကြသည်။
စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပန်းမှုမှ ထွက်ပြေးလာသူများသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အကျပ်အတည်း၏ ရှေ့တန်းတွင် ၎င်းတို့ ရောက်ရှိနေကြသည်ကို ပို၍ သိရှိလာကြပြီး သေစေနိုင်လောက်သည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော်လည်း အကျပ်အတည်းနှင့် လိုက်လျောညီထွေဖြစ်သော ရန်ပုံငွေနှင့် ပံ့ပိုးကူညီမှုမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၄၀ ပြည့်နှစ်တွင် အစွန်းရောက်ရာသီဥတုဘေးအန္တရာယ်များ ရင်ဆိုင်နေရသော နိုင်ငံအရေအတွက်သည် ၃ နိုင်ငံမှ ၆၅ နိုင်ငံအထိ တိုးလာဖွယ်ရှိကြောင်း၊ ယင်းအနက် အများစုသည် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်များကို လက်ခံပေးထားသည့် နိုင်ငံများဖြစ်ကြောင်း အစီရင်ခံစာက သတိပေးခဲ့သည်။
ရာသီဥတုပြောင်းလဲမှုနှင့် နေရပ်စွန့်ခွာမှုများကြား ဆက်စပ်မှုသည် အမှန်တကယ်ဖြစ်ကြောင်း၊ အခြေအနေအများစုတွင် ရာသီဥတုပြောင်းလဲမှု၊ ပဋိပက္ခနှင့် နေရပ်စွန့်ခွာမှုတို့သည် အပြန်အလှန် သက်ရောက်မှုရှိရာ သမားရိုးကျ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှု အစီအမံများကို ရိုးရှင်းစွာ လုပ်ဆောင်၍ မရတော့ဘဲ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုများနှင့် ရာသီဥတုဆိုင်ရာအကြောင်းရင်းများအား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ယခုအခါ အဓိကစိန်ခေါ်မှုမှာ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုများမှာမူ များစွာ လုံလောက်မှုမရှိသေကြောင်း UNHCR မဟာမင်းကြီး Filippo Grandi က ဆင်ဟွာသတင်းထောက်တစ်ဦးနှင့် အဆိုပါနေ့သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
UNHCR သည် COP29 တွင် အကူအညီ အလိုအပ်ဆုံးသူများကို အကျိုးပြုစေရန် ရာသီဥတုဆိုင်ရာဘဏ္ဍာရေးတိုးမြှင့်ပေးရန် တိုက်တွန်းခဲ့သည်။ ထိလွယ်ရှလွယ်သော နိုင်ငံများ၊ စစ်ဘေးသင့် နိုင်ငံများရှိ ဒုက္ခသည်များ၊ လက်ခံကူညီပေးသော အသိုင်းအဝိုင်းများနှင့် အခြားသက်ဆိုင်သူများထံ ရာသီဥတုဆိုင်ရာဘဏ္ဍာရေး မရောက်ရှိ၍ ၎င်းတို့၏ ရာသီဥတု ပြောင်းလဲမှု သက်ရောက်မှုကို လိုက်လျောညီထွေရှိစေသော စွမ်းဆောင်ရည်သည် လျင်မြန်စွာ ကျဆင်းလျက်ရှိကြောင်း အစီရင်ခံစာတွင် အလေးအနက် ဖော်ပြခဲ့သည်။ လက်ရှိတွင် အလွန်ပင် ထိလွယ်ရှလွယ်သော နိုင်ငံများတွင် လူတစ်ဦးကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာခန့်သာ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိစေရေး ရန်ပုံငွေ ရရှိကြပြီး၊ ထိလွယ်ရှလွယ် မဟုတ်သည့်နိုင်ငံများရှိ လူတစ်ဦးကို တစ်နှစ်လျှင်ဒေါ်လာ ၁၆၁ ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကွာဟချက်မှာ အံ့မခန်းဖြစ်နေကြောင်း ဖော်ပြခဲ့သည်။
“ဖြေရှင်းဖို့ နည်းလမ်းကတော့ ကျွန်တော်တို့နဲ့ လက်လှမ်းမီတဲ့နေရာရှိပေမဲ့ အရေးယူဆောင်ရွက်မှုကို ချက်ချင်းလုပ်ဖို့ လိုအပ်တယ်။ တကယ်လို့ လုံလောက်တဲ့ အရင်းအမြစ်နဲ့ ပံ့ပိုးကူညီမှုတွေမရှိဘူးဆိုရင် ဘေးဒဏ်ခံစားနေရတဲ့သူတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ ခဲယဉ်းလိမ့်မယ်” ဟု Grandi က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ (Xinhua)
……………………………………….
(Chinese Version)
联合国难民署:大部分流离失所者生活在受气候变化影响严重国家
新华社巴库11月12日电(记者郭爽 彭培根)联合国难民署12日发布首份气候报告。报告指出,全球1.2亿被迫流离失所者中,约9000万人目前生活在受气候变化影响严重的国家,其中有一半的人生活在同时受到冲突和严重气候灾害影响的地方。
这份名为《无处可逃:在气候、冲突和流离失所的前线》的报告在《联合国气候变化框架公约》第二十九次缔约方大会(COP29)期间发布。报告由联合国难民署与13个专业组织、研究机构和难民领导的团体合作发布,探讨了气候与流离失所之间的相互关系和当前气候融资的缺口等。
报告指出,被迫逃离战争、暴力和迫害的人们越来越多地发现自己正处于全球气候危机的前线,面临致命威胁,但却没有用于适应危机的资金和支持。报告警告说,到2040年,面临极端气候灾害的国家预计将从3个增加到65个,其中绝大多数是接纳了流离失所者的国家。
联合国难民署高级专员菲利波·格兰迪当天在接受新华社记者专访时指出,气候变化和流离失所之间的关系是真实的,在很多情况下,气候变化、冲突和流离失所相互作用,不能再简单采取传统的人道主义应对措施,必须将气候行动、气候因素纳入考量,而目前的主要挑战是气候行动远远不够。
联合国难民署在COP29上呼吁增加气候资金,以惠及那些最需要帮助的人们。报告强调,气候资金未能惠及脆弱国家和饱受战争摧残国家的难民、接纳社区和其他相关者,因此他们适应气候变化影响的能力正在迅速下降。目前,极其脆弱的国家每人每年只能获得大约2美元的气候适应资金,与非脆弱国家每人每年161美元的资金相比,这个差距是惊人的。
格兰迪在一份声明中指出:“解决方案触手可及,但我们需要立刻采取行动。如果缺乏足够的资源和支持,受影响的人们将难以摆脱困境。”(完)
图说:11月12日,在阿塞拜疆首都巴库,联合国难民署高级专员菲利波·格兰迪(中)出席新闻发布会。新华社记者 孟菁 摄