North America
စိတ်လှုပ်ရှားဖွယ် မိန့်ခွန်းများနှင့် သမ္မတ အိုဘားမား၏ နှုတ်ဆက်ပွဲ
ချီကာဂို၊ အမေရိကန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၏ ရှေ့လာမည့် နှစ်များအတွက် မျှော်မှန်းချက်နှင့် သတိပေးချက်များ ပါဝင်သည့် စိတ်လှုပ်ရှားဖွယ် မိန့်ခွန်းကို သမ္မတ ဘားရတ် အိုဘားမားက နှုတ်ဆက်ပွဲ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
“ဒီညက ကျွန်တော်က ကျေးဇူးတင်စကား ပြောကြားရမဲ့ အလှည့်ပေါ့ဗျာ၊ ခင်ဗျားတို့ဆီက နေ့တိုင်းပဲ ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်၊ ကောင်းမွန်တဲ့ သမ္မတ တစ်ဦးအဖြစ် ခင်ဗျားတို့က ကျွန်တော့်ကို ပုံဖော်ပေးခဲ့ကြတယ်၊ ကျွန်တော့်ကို လူကောင်း တစ်ဦး ဖြစ်စေခဲ့တယ်” ဟု လူဦးရေ ၂၀,၀၀၀ ခန့်ရှိသော လူထုကို အိုဘားမားက တစ်နာရီကြာ နှုတ်ဆက်ပွဲ မိန့်ခွန်း ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ နှုတ်ဆက်ပွဲ မြင်ကွင်းများ (ဆင်ဟွာ)
အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ နှုတ်ဆက်ပွဲ မြင်ကွင်းများ (ဆင်ဟွာ)
အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ နှုတ်ဆက်ပွဲ မြင်ကွင်းများ (ဆင်ဟွာ)
အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ နှုတ်ဆက်ပွဲ မြင်ကွင်းများ (ဆင်ဟွာ)
အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ နှုတ်ဆက်ပွဲ မြင်ကွင်းများ (ဆင်ဟွာ)
သမ္မတ သက်တမ်း ၈ နှစ်တာအတွင်း ၎င်း၏ အစိုးရအဖွဲ့သည် ကျူးဘားနှင့် ဆက်ဆံရေး ကဏ္ဍသစ် ပြန်လည် ဖွင့်လှစ်ခြင်း၊ အီရန် နျူကလီးယား သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်း၊ အိုစမာ ဘင် လာဒင်အား ဖယ်ရှားပစ်ခြင်း၊ လိင်တူ လက်ထပ်ခြင်းအား ထောက်ခံခြင်းနှင့် ကျန်းမာရေး အာမခံချက် တိုးမြှင့်ခြင်း စသည့် အချက်များအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း အိုဘားမားက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် မညီမျှမှု၊ လူမျိုးရေး ခွဲခြားမှုနှင့် နိုင်ငံရေး ခွဲခြားမှုများမှာ အမေရိကန်၏ ဒီမိုကရေစီအား အဓိက ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှု သုံးခု ဖြစ်ကြောင်း ၎င်းက အမည်တပ်ခဲ့ပြီး အမေရိကန်နိုင်ငံသားများကိုလည်း ကိုယ်ပိုင် နိုင်ငံသား တစ်ဦး၏ တာဝန်သိမှုအား လက်ခံရန်လည်း တိုက်တွန်းထားသည်။
အိုဘားမား မိန့်ခွန်းပြောကြားနေစဉ်အတွင်း ခန်းမအတွင်းရှိ ထောက်ခံသူများက “I love you Obama” ဟု ကြွေးကြော်ခဲ့ကြသည်။
အိုဘားမား၏ တစ်လကြာ နှုတ်ဆက်ပွဲ ခရီးစဉ်အား အဆုံးသတ်ခဲ့ပြီး မိန့်ခွန်းများ၊ တွေ့ဆုံမေးမြန်းခန်းများနှင့် ဗီဒီယိုများကို အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်သည် ဇန်နဝါရီလ ၂၀ ရက်တွင် အိုဘားမားထံမှ တာဝန် လွှဲပြောင်းယူမည် ဖြစ်သည်။ (Xinhua)