Connect with us

North America

ဒေါ်နယ်ထရမ့် က ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား ဆိုက်ဘာ တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြောင်း ပြောကြား

ဒေါ်နယ်ထရမ့် အား သမ္မတ အဖြစ် ရွေးကောက်ခံရပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပ သည့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီလ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ရုရှား နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် အမေရိကန် ရွေးကောက်ပွဲ ကာလ ကို ပစ်မှတ်ထားသည့် ဆိုက်ဘာ တိုက်ခိုက်မှုများလုပ် ဆောင်ရွက်ခဲ့သည်ဟု ထင်မြင်ကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင်ပြောကြားခဲ့သည်။ယခင်အချိန်က ဒေါ်နယ်ထရမ့် သည် အမေရိကန် သတင်းအချက်အလက် ဌာန ၏ ထုတ်ပြန်ချက်ကို လက်မခံခဲ့ကြောင်း သိရှိရသည်။

ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပ သည့် ရွေးကောက်ခံရပြီးနောက် ပထမ ဦးဆုံး သတင်းစာ ရှင်းလင်းပွဲတွင် ဟက်ကာတိုက်ခိုက်မှု ကိစ္စရပ် နှင့် ပတ်သက်၍ မိမိ အနေဖြင့် ရုရှား နိုင်ငံ မှ ဆောင်ရွက်ခဲ့သည်ဟုယူဆကြောင်း ၊ သို့သော် အမေရိကန် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် နိုင်ငံ အသီးသီးနှင့် ပုဂ္ဂလိက ဟက်ကာ များ၏ တိုက်ခိုက်မှုကို ခံနေရကြောင်း ၊ ဒီမိုကရက်တစ်ပါတီ အနေဖြင့် ဟက်ကာ တိုက်ခိုက်မှု ကာကွယ်ရေး ကို ကောင်းမွန်စွာ မဆောင်ရွက်ခဲ့ကြောင်း ကို ဝေဖန် ပြောကြား ခဲ့သည်။

CNN ၏ ဇန်နဝါရီလ ၁၀ ရက်နေ့ သတင်းဖော်ပြချက်တွင် အမေရိကန် ထောက်လှမ်းရေး ဌာန သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဒေါ်နယ်ထရမ့်အား ရုရှား နိုင်ငံ ၏ ဆိုက်ဘာ တိုက်ခိုက်မှု မှ တစ်ဆင့် အမေရိကန် ရွေးကောက်ပွဲကို ဝင်ရောက် နှောင့်ယှက်ခဲ့သည့် အထောက်အထားများကို ပေးပိုခဲ့ကြောင်း ၊ ထိုပေးပို့ခဲ့သည့် အစီရင်ခံစာ နောက်တွင် ဒေါ်နယ်ထရမ့်အား ရုရှား နိုင်ငံကို သတိပြုရန် အသိပေးသည့် အချက်အလက်ပါ စာရွက်ပို ၂ ရွက်ပါရှိခဲ့ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ဒေါ်နယ်ထရမ့် ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ နှင့် စီးပွားရေး အခြေအနေ ဆိုင်ရာ မကောင်းမွန်သည့် အချက်အလက်များ ကို ရရှိထားသည် ဟုယုံကြည် နေသောကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဒေါ်နယ်ထရမ့် က သတင်းစာ ရှင်းလင်းပွဲတွင် CNN ၏ သတင်းသည် သတင်းအတု ဖြစ်ပြီး ထိုဖော်ပြသည့် သတင်းတွင် ပါဝင်သည့် အကြောင်းအရာ များမှ လုံးဝ မမှန်ကန်ကြောင်း ၊ အမေရိကန် ထောက်လှမ်းရေး ဌာန အနေဖြင့် ယခု ကဲ့သို့သော သတင်းအမှားများ ပေါက်ကြားခြင်းသည် ရှက်ဖွယ်ကောင်းသော အပြုအမူ ဖြစ်ကြောင်း ဝေဖန် ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ထောက်လှမ်းရေး ဌာနချုပ် ၏ အစီရင်ခံစာ တစ်ခုတွင် ရုရှား နိုင်ငံ အစိုးရ သည် ဆိုက်ဘာ တိုက်ခိုက်မှု နည်းလမ်းများဖြင့် ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက် ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အစီရင်ခံစာတွင် ရုရှား နိုင်ငံ အစိုးရ အနေဖြင့် ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲတွင် အနိုင်ရစေလိုပြီး ဒီမိုကရက်တစ်ပါတီ မှ သမ္မတ ရာထူး အတွက် ဝင်ရောက် ရွေးကောက်ခံသည့် ကိုယ်စားလှယ် ဟီလာရီ ကလင်တန် ကို ဂုဏ်သိက္ခာ ကျဆင်းအောင်ဆောင်ရွက်ပြီး ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲတွင် အောင်မြင်ရန် ရာခိုင်နှုန်း ပိုများအောင် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.