Connect with us

North America

အမေရိကန် နိုင်ငံ မေရီလန်း ပြည်နယ် ရှိ စက်မှုဝင်း အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွား လူအနည်းငယ် သေဆုံးဒဏ်ရာရရှိ

Harford ခရိုင် ရဲတပ်ဖွဲ့မှူး Jeffrey Galle က သေနတ် ပစ်ခတ်မှု ဖြစ်ပွား ပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အရှေ့ပိုင်း မေရီလန်း ပြည်နယ် Harford ခရိုင် အတွင်း ရှိ စက်မှုဝင်း တစ်ခု တွင် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ ဒေသတွင်း ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ လူအနည်းသေဆုံး ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

Harford ခရိုင် ရဲတပ်ဖွဲ့မှူး Jeffrey Galle က စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း တွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် သေနတ်ပစ်ခတ်မှု က လူတစ်ဦးတည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ သေနတ်ပစ်ခတ်သူ အား လက်ရှိချိန်တွင် ဆေးရုံ သို့ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်ကြောင်း ၊ သေနတ်ပစ်ခတ်မှုကြောင့် လူအနည်းငယ် သေဆုံးဒဏ်ရာရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ သေနတ် ပစ်ခတ်သူ မှာ အမျိုးသမီး တစ်ဦး ဖြစ်ပြီး သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး ခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။အမေရိကန် နိုင်ငံ တွင် သေနတ် လွန်စွာ ပေါများပြီး သေနတ် ပစ်ခတ်မှု မှာလည်း မကြာခဏ ဖြစ်ပွား လေ့ရှိသည်။စက်တင်ဘာ ၁၉ ရက် တစ်နေ့တည်းတွင် သေနတ် ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွား ခဲ့ပြီး လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကာ သေနတ်ပစ်ခတ်သူ အား ရဲတပ်ဖွဲ့ က အချင်းဖြစ်ပွားသည့် နေရာ တွင် ပစ်ခတ်ရှင်းလင်း ခဲ့သည်။စာရင်းပြုစုချက်များအရ အမေရိကန် နိုင်ငံ တွင် ၂၀၁၇ ခုနှစ် ၌ သေနတ်ပစ်ခတ်မှုပေါင်း ၆ သောင်းကျော် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။(Xinhua)