Connect with us

North America

ဆီးရီးယား၌ ရုရှားက S-300 ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ခြင်းမှာ “ အဓိကမှားယွင်းမှု” ဖြစ်ကြောင်း အမေရိကန်ပြော

ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတစ်ခုတွင် S-300 ဒုံးကျည်ကာကွယ်ရေးစနစ်များကို တွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်က ဆီးရီးယားနိုင်ငံ၌ S-300 ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ရန် ရုရှားနိုင်ငံ၏ နောက်ဆုံးချမှတ်လိုက်သည့် ဆုံးဖြတ်ချက်မှာ “ အဓိကမှားယွင်းမှု” တစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ရက်တွင် ပြောကြားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဘော်လ်တန်က ဒေသတွင်းတင်းမာမှု ဖြစ်ပွားနေချိန်တွင် ယင်းလုပ်ရပ်မှာ“ အရေးပါသော အရှိန်မြှင့်တင်မှုတစ်ခု” ဖြစ်ပေါ်စေမည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း နှင့် ပြန်လည်သုံးသပ်သင့်ကြောင်း ပြောကြားခဲ့သည်။

၎င်းက “ အီရန်နယ်နိမိတ်ပြင်ပမှာ အီရန်တပ်ဖွဲ့တွေ ရှိနေသမျှကာလပတ်လုံး” အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့် ဆီးရီးယားမှ ထွက်ခွာသွားမည်မဟုတ်ကြောင်း ဆိုသည်။

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်အား စက်တင်ဘာ ၂၄ ရက်တွင် ဖုန်းဆက်၍ ဒမတ်စကက်စ်မြို့၌ S-300 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တစ်ခုအပါအဝင် ဆီးရီးယား၏ လေပြင်ကာကွယ်ရေးအတွက် လုပ်ဆောင်သွားရန် ၎င်း၏ဆုံးဖြတ်ချက်အကြောင်း ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနေ့မတိုင်မီက ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu က လာမည့် နှစ်ပတ်အတွင်း ဆီးရီးယားနိုင်ငံ၌ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ၊ ယင်းမှာ ဆီးရီးယား၏ S-200 စနစ်မှားယွင်းမှုကြောင့် Il-20 ရုရှားကင်းလှည့်လေယာဉ်တစ်စင်း ဆီးရီးယားပိုင်နက်အတွင်း မှားယွင်းပြစ်ချခံရသည့် ဖြစ်ရပ်ကြုံတွေ့ပြီး နောက် အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားနိုင်ငံ၏ဆုံးဖြတ်ချက်မှာ တတိယနိုင်ငံတစ်ခုကို ပစ်မှတ်ထားရန် မရည်ရွယ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားလေယာဉ်ပစ်ချခံရသည့် ကိစ္စရပ်နှင့်ပတ်သက်၍ စွပ်စွဲချက်အပေါ် အစ္စရေးစစ်တပ်က ငြင်းဆိုထားသည်။

အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုက စက်တင်ဘာ ၂၄ ရက် နှောင်းပိုင်းတွင် ပူတင်အား ပြောကြားရာ၌ အရှေ့အလယ်ပိုင်းတွင် ဆီးရီးယားအား ဒုံးကျည်စနစ်များ တပ်ဆင်ခြင်းသည် အန္တရာယ်ရှိသည့် လုပ်ရပ်ဖြစ်ကြောင်း နှင့် အစ္စရေးနိုင်ငံအနေဖြင့် အီရန် နှင့် အီရန်က ကြောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့များကို ဆီးရီးယားအတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးသည် ပြီးခဲ့သော ၁၈ လတာကာလအတွင်း ဆီးရီးယား၌ အီရန်က စစ်အခြေစိုက်စခန်းများ ဆောက်လုပ်နေမှုကို ရပ်တံ့ရန် နှင့် အီရန် စစ်လက်နက်များကို ကြိုတင်ကာကွယ်ရန်အတွက် ဆီးရီးယားနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂ဝဝ ခန့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.