Connect with us

North America

အမေရိကန် နှင့် မြောက်ကိုရီးယား တွေ့ဆုံပွဲ စီစဉ်ထားသည့်အတိုင်း ဖြစ်လာနိုင်ခြေရှိသေးကြောင်း ထရမ့်ပြောကြားပြန်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း (ယာ)တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် တွေ့ဆုံပွဲကို ပြန်လည်ပြုလုပ်နိုင်ခြေရှိကြောင်း မေ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

ထရမ့်က “တွေ့ဆုံပွဲ စီစဉ်ထားသလိုပြုလုပ်ဖို့ မြောက်ကိုရီးယားဘက် နဲ့ အလွန်အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။ အကယ်၍ တွေ့ဆုံဖြစ်ပါက ယခင်စီစဉ်ထားတဲ့အတိုင်း ဇွန် ၁၂ရက် တွင် စင်ကာပူနိုင်ငံမှာ ဖြစ်နိုင်ပါတယ်” ဟု တွစ်တာ၌ရေးသားခဲ့သည်။

၎င်းက လိုအပ်ပါက တွေ့ဆုံပွဲကို သတ်မှတ်ထားသည့်နေ့ထက်နောက်ကျ၍ ပြုလုပ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် စီစဉ်ထားသော တွေ့ဆုံပွဲမပြုလုပ်ဖြစ်တော့ကြောင်းကို မေ ၂၄ရက်တွင် ကင်ထံသို့ စာပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ပထမ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Kim Kye Gwan က မြောက်ကိုရီးယားနိုင်ငံသည် နှစ်နိုင်ငံအကြား ပြဿနာများအားဖြေရှင်းရန် မည်သည့်အချိန်မဆို အမေရိကန်နိုင်ငံ နှင့် တွေ့ဆုံဆွေးနွေးသွားရန် အသင့်ရှိနေကြာင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ က မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့သည် မကြာသေးမီက နှစ်နိုင်ငံအကြား တိုးတက်လာမှုများကို တန်ဖိုးထားပြီး တွေ့ဆုံဆွေးမှုများမှတစ်ဆင့် အပြန်အလှန် စိုးရိမ်မှုများကို ဆက်လက်ဖြေရှင်းကာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် အရှိန်အဟုန်ဖြင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အထက်ပါ မှတ်ချက်စကားအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က နေ့စဉ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.