Connect with us

North America

ကနေဒါရှိ စားသောက်ဆိုင်တစ်ခု တွင် ဗုံးဖောက်ခွဲမှုဖြစ်ပွားရာ အနည်းဆုံး ၁၅ဦး ဒဏ်ရာရရှိ

ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည့် ကနေဒါနိုင်ငံရှိ Bombay Bhel စားသောက်ဆိုင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုရန်တို၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ Mississauga မြို့ ရှိ အိန္ဒိယစားသောက်ဆိုင်တစ်ခု၌ အမည်မသိ လူ၂ဦးက မေ ၂၄ရက်တွင် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ အနည်းဆုံး ၁၅ဦး ကို Bombay Bhel စားသောက်ဆိုင်မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ရဲတပ်ဖွဲ့က အသက် ၂၀ကျော်အရွယ် အမျိုးသားများဖြစ်ပြီး မျက်နှာဖုံးများစွပ်ထားကြောင်း နှင့် ဗုံးဖောက်ခွဲမှုဖြစ်ပွားပြီး အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားကြောင်း ပြောကြားခဲ့သည်။Mississauga မြို့ သည် Ontario ပြည်နယ် ရှိ ကနေဒါနိုင်ငံ ၏ ဆဌမမြောက်အကြီးဆုံး မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117