Connect with us

North America

ထရန့်က အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို မူလစီစဉ်ထားသည့် အတိုင်း ကျင်းပနိုင်ရန် မျှော်လင့်သည်ဟု ဆို

ထရန့်အား အိမ်ဖြူတော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဝါရှင်တန်၊ မေ ၂၇ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံဆွေးနွေးပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိ အမေရိကန်-မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်း များ အဆင်ပြေချောမွေ့ကြောင်း၊ အမေရိကန်အနေဖြင့် ၎င်းဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်တွင် စင်ကာပူ၌ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း၊ ဆွေးနွေးပွဲနှင့်ပတ်သတ်ပြီး အမေရိကန်အနေဖြင့် ပြောင်းလဲမည်မဟုတ်ကြောင်း ထရန့်က မေလ ၂၆ ရက်တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။

မေလ ၂၄ရက်က ကင်ဂျုံအန်းထံ ပေးပို့ခဲ့သည့်အိတ်ဖွင့်စာ၌ မူလသတ်မှတ်ထားသည့် ဇွန် ၁၂ ရက်တွင် ကျင်းပမည့် စင်ကာပူတွေ့ဆုံဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု ထရန့်က ကြေညာခဲ့သည်။ ၎င်းနှင့်စပ်လျဉ်းပြီး မြောက်ကိုရီးယားက ထရန့်၏ဆုံးဖြတ်ချက်မှာ နိုင်ငံတကာမျှော်လင့်ထားသည့် မြောက်ကိုရီးယားကျွန်းဆွယ်နှင့်ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ရည်ရွယ်ချက်နှင့်ကိုက်ညီမှုမရှိကြောင်း၊ သို့သော်လည်း မြောက်ကိုရီးယားအနေဖြင့် မည်သည့်အချိန်မည်သည့်ပုံစံမျိုးနှင့်မဆို အမေရိကန်နှင့် အတူ ဆွေးနွေးဖြေရှင်းသွားလိုသည်ဟု မေလ ၂၅ ရက်က ပြန်လည်ပြောဆိုခဲ့သည်။

မေလ ၂၆ ရက်က ပန်မွန်ဂျုံတွင် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေ့ဆုံဆွေးနွေးခဲ့ရာ ကင်ဂျုံအန်းက မွန်ဂျေအင်အား ဇွန်လ ၁၂ ရက်တွင် ကျင်းပမည့် မြောက်ကိုရီးယား-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲအတွက် ကြိုးပန်းဆောင်ရွက်မှုများကို အထူးကျေးဇူးတင်ရှိကြောင်း၊ ၎င်းသမိုင်းဝင် ဆွေးနွေးပွဲတွင် တွေ့ဆုံရန်အတွက်လည်း ပြောင်းလဲမှုမရှိသောခိုင်မာသည့် စိတ်ဆန္ဒရှိကြောင်း ဆိုပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.