Connect with us

North America

အိုင်အက်စ် အဓိက ခေါင်းဆောင် သတင်းပေးနိုင်သူ အတွက် ဒေါ်လာ ၅ သန်း အမေရိကန် ဆုကြေး တိုးမြှင့်

အိုင်အက်စ် အဓိက ခေါင်းဆောင်တစ်ဦး ဖြစ်သူ အဘူ မူဟာမက် အယ်လ်-ရှီမာလီ အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အစ္စလာမ်မစ် စတိတ် (IS) ၏ အဓိကျသော ခေါင်းဆောင် နှင့် ပတ်သက်၍ သတင်းပေး နိုင်သူအား အမေရိကန် နိုင်ငံမှ ဆုကြေး အမေရိကန် ဒေါ်လာ ၅ သန်း အထိပေးမည်ဟု တိုးမြှင့် လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနက နိုဝင်ဘာလ ၁၈ ရက်၌ ပြောကြား လိုက်သည်။

အိုင်အက်စ် အဓိက ခေါင်းဆောင်တစ်ဦး ဖြစ်သူ အဘူ မူဟာမက် အယ်လ်-ရှီမာလီ ဟုလူသိများသည့် တိုက်ရေ့ အယ်လ်-ဂျာဘာ၏ ကိုယ်ရေး အချက်အလက် သို့မဟုတ် တည်နေရာအား သတင်း အချက်အလက် ပေးနိုင်သူ အတွက် ဆုကြေး ဒေါ်လာ ၅ သန်း အထိ တိုးမြှင့် ပေးလိုက်ကြောင်း နိုင်ငံခြားရေး ဋ္ဌာနက သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။

အိုင်အက်စ် အကြီးတန်း ခေါင်းဆောင် အဘူ မူဟာမက် အယ်လ်-ရှီမာလီသည် လက်ရှိတွင် ISIL ၏ လူဝင်မှုကြီး ကြပ်ရေးနှင့် ထောက်ပံ့ သယ်ပို့ ကော်မတီ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး ပြည်ပ အကြမ်းဖက် တိုက်ခိုက် သူများ ခရီးသွားရေး လွယ်ကူစေရန် ဆောင်ရွက်ပေးရသူဟု သိရသည်။

အယ်လ်-ရှီမာလီနှင့် ISIL ၏ လူဝင်မှုကြီး ကြပ်ရေးနှင့် ထောက်ပံ့သယ်ပို့ ကော်မတီသည် လူမှောင်ခိုကူးခြင်း၊ ငွေကြေး လွှဲပြောင်းခြင်းနှင့် ဥရောပ၊ မြောက်အာဖရိကနှင့် အာရေဗီယံ ကျွန်းဆွယ်များမှ ဆီးရီးယားနှင့် အီရတ် သို့ ထောက်ပံ့ပေးခြင်း စသည့် လှုပ်ရှားမှုများ ပူးပေါင်း လုပ်ဆောင်ပေးကြသည်။

အယ်လ်-ရှာဘတ် ဆိုမာလီ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် ၆ ဦး၏ သတင်းပေးနိုင်သူ အား ဆုကြေးငွေ ဒေါ်လာ ၂၇ သန်း ပေးအပ်မည်ဟု နိုင်ငံခြားရေး ဋ္ဌာန၏ ဝက်ဘ်ဆိုဒ်တွင် နိုဝင်ဘာလ ၁၀ ရက်က ကြေညာထားသည်။

အယ်လ်-ရှာဘတ် အုပ်စုသည် အယ်လ်ကိုင်ဒါး နှင့် ချိတ်ဆက်မှု ရှိနေပြီး ဆိုမာလီ ပြည်ထောင်စု အစိုးရကို ဖြုတ်ချကာ ဆိုမာလီတွင် အစ္စလာမ်မစ် စတိတ် ထူထောင်ရန် ကြိုးစားနေသူများ ဖြစ်သည်။

၂၀၀၆ ခုနှစ် ကတည်းက အယ်လ်ရှာဘတ် ကြောင့် ဆိုမာလီ၊ ယူဂန်ဒါနှင့် ကင်ညာ တို့ရှိ ထောင်ပေါင်း များစွာသော အရပ်သားများ၊ ကယ်ဆယ်ရေး လုပ်သားများနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်သူများ သေဆုံး ခဲ့ရကြောင်း နိုင်ငံခြား ရေးဋ္ဌာန ကပြောသည်။
အမေရိကန် နိုင်ငံခြားရေး ဋ္ဌာန၏ “တရားမျှတမှု အတွက် ဆုလာဘ်” ဟူသည့် အစီအစဉ် အောက်တွင် စုစုပေါင်း ဆုကြေး ဒေါ်လာ ၃၂ သန်း ပေးအပ်ရန် လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.