Connect with us

North America

အကြမ်းဖက် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေမှုကြောင့် အမေရိကန် အစိုးရက ၎င်း၏ နိုင်ငံသား များအား ကမ္ဘာအနှံ့ခရီးသွားလာမှု ဆိုင်ရာ သတိပေးချက် ထုတ်ပြန်

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် မြို့ရှိ ပါလီမန် အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် အစိုးရက ၎င်း၏ နိုင်ငံသားများအား ကမ္ဘာအနှံ့ခရီးသွားလာမှု ဆိုင်ရာ သတိပေးချက် အား နိုဝင်ဘာလ၂၃ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီး ပဲရစ် အကြမ်းဖက်မှုပြီးနောက် အကြမ်းဖက်မှု ဖြစ်စဉ်များ တိုးပွား လာကြောင်း သတိပေးပြောကြားခဲ့သည်။

လတ်တလော ရရှိသည့် သတင်း အချက်အလက်များအရ IS စစ်သွေးကြွအဖွဲ့၊ အယ်-ကိုင်ဒါ၊ ဘိုကိုဟာရမ် နှင့် အခြား စစ်သွေးကြွ အကြမ်းဖက် အဖွဲ့များသည် နယ်မြေဒေသ များစွာ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုများ တွင် နည်းပရိယာယ် များစွာ အသုံးပြုနိုင်သည့် အပြင် သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လက်နက်ပစ္စည်း များကိုပင် အသုံးပြုနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဋ္ဌာနမှ ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံသားများ အနေဖြင့် အများပြည်သူ ဆိုင်ရာ နေရာများနှင့် ပို့ဆောင်ရေး ယာဉ်များပေါ်တွင် သတိထား နိုးနိုးကြားကြား ရှိရန် တိုက်တွန်းလိုကြောင်း၊ ပတ်ဝန်းကျင်အား အမြဲ သတိပြု လေ့လာရန် နှင့် လူအုပ်များနှင့် လူများသော နေရာများအား အထူးသဖြင့် အားလပ်ရက်များတွင် ရှောင်ရှားကြရန် ဝန်ကြီးဋ္ဌာန ၏ အင်တာနက် စာမျက်နှာတွင် သတိပေး ရေးထားထားကြောင်း သိရသည်။

ခရီးသွားလာမှု သတိပေးချက်သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်း ၎င်းမှ ပြောကြား ခဲ့သည်။

IS စစ်သွေးကြွ အဖွဲ့သည် အီရတ် နှင့် ဆီးရီးယားတွင် အကြမ်းဖက်မှုများအား အတိုင်းအဆမဲ့ ကျူးလွန် ခဲ့ကြကာ အနည်းဆုံး လူပေါင်း ၁၂၉ ယောက် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု အတွက် တာဝန်ရှိသည့် အဖွဲ့တစ်ခု ဖြစ်ကြောင်း သိရသည်။

ထို့အပြင် IS စစ်သွေးကြွ အဖွဲ့သည် အိမ်ဖြူတော်အား ဗုံးဖောက်ခွဲရန် နှင့် ပဲရစ်တွင် တိုက်ခိုက်မှုများ ပိုမို ပြုလုပ်ရန် ခြိမ်းခြောက်ခဲ့ကြောင်း မကြာသေးမီက IS မှ ထုတ်ပြန်ခဲ့သည့် ဗီဒီယို ဖိုင်အရ သိရသည်။သို့သော်လည်း FBI ဒါရိုက်တာ ဂျိမ်းကမ်မေက လွန်ခဲ့သည့် အပတ်အတွင်း ပေးပို့ ခဲ့သည့် ဗီဒီယို များသည် ဝါဒဖြန့်မှု တစ်ခုသာ ဖြစ်ပြီး ယုံကြည် လက်ခံနိုင်လောက်သည့် သတင်းစကားမဟုတ်ကြောင်း ပြန်လည်တုံ့ ပြန်ခဲ့သည်။ (Xinhua)