Connect with us

North America

ခရက်ဒစ်ကတ် ၁၄၉၇ ခုကိုင်ဆောင်သူ အမျိုးသား ၄၅ နှစ်အတွင်း ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့

Walter Cavanagh စုဆောင်းထားသော တရားဝင် ခရက်ဒစ်ကတ် များကို တွေ့ရစဉ် (ဆင်ဟွာ)

ဟို့စ်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရားဝင် ခရက်ဒစ်ကတ် ၁,၄၉၇ ခုကိုင်ဆောင်ထားပြီး ခရက်ဒစ် အမေရိကန်ဒေါ်လာ ၁.၇ သန်း ရှိကာ ၁၉၇၁ ခုနှစ်ကတည်းက ဂင်းနစ်စာအုပ်တွင် ပါရှိပြီး ဖြစ်သည့် Walter Cavanagh သည် လက်ရှိ၌ ခရက်ဒစ်ကတ် အ များဆုံး နှင့် ၎င်းတို့ကို ထည့်ရာ အရှည်ဆုံး ပိုက်ဆံအိတ် ပိုင်ဆိုင်သည့်အတွက် “Mr. Plastic Fantastic” အဖြစ် မှတ်တမ်းဝင် သွားကြောင်း သိရသည်။

Cavanagh ၏ ခရက်ဒစ်ကတ် စုဆောင်းမှုသည် ၁၉၆၀ ခုနှစ်ပြည့်လွန် နောက်ပိုင်းနှစ်များ၌ သူငယ်ချင်း တစ်ဦး နှင့် ခရက်ဒစ်ကတ် အပြိုင်စုကြရင်း အလောင်းအစား လုပ်ရာမှ စတင်ခဲ့ပြီး ထိုနှစ်ကုန်တွင်ပင် ကတ် ၁၄၃ ခု ရရှိခဲ့သည်ဟု ဆိုသည်။

ထိုနှစ်ကုန်၌ ၎င်း၏ ခရက်ဒစ်ကတ်များမှာ ဂတ်စ်ဆိုင်များ၊ လေကြောင်းလိုင်းများ၊ ဘားများနှင့် ရေခဲမုန့်ဆိုင်များ အထိပါဝင်ပြီး ခရက်ဒစ်ကတ် အမှတ်လည်း အမြင့်ဆုံး ရရှိခဲ့သည်။

Cavanagh ၏ ရှေးအကျဆုံး ခရက်ဒစ်ကတ်မှာ ၁၉၈၂ ခုနှစ်က ပိတ်သိမ်းခဲ့သည့် Reno၏ ပထမဆုံး ကာစီနို ဟိုတယ် Mapes ကခွင့်ပြုပေးထားသော အကန့်အသတ်မရှိ အထူး ခရက်ဒစ်ကတ် ဖြစ်သော ငွေရောင် စတာ လင် ကတ် တစ်ခု ဖြစ်သည်။

JJ Newberry ကုမ္ပဏီမှာ Cavanagh ၏ ခရက်ဒစ်ကတ်လျှောက်ထားမှုအား ပယ်ချသည့် တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်ပါသည်။ ဂရင်းနစ် ကမ္ဘာ့ စံချိန်ဝင်နိုင်ရေး ဖြစ်သည့် ၎င်း၏ ရည်မှန်းချက်အား ရှင်းပြခဲ့သော်လည်း ငြင်းပယ်သည့် သတိပေးစာသာ လက်ခံရရှိခဲ့သည်။

“သူတို့ ပြောတာက ကျွန်တော့်မှာ ခရက်ဒစ်တွေ အများကြီး ရှိနေလို့ပါတဲ့၊ ဒီနေ့အထိ ကျွန်တော့်ရဲ့ စုဆောင်းမှု ထဲမှာ Newberry ရဲ့ ကတ် မပါသေးဘူး” ဟု Cavanagh ကပြောသည်။

ထို့နောက် Cavanagh သည် ဂင်းနစ် ကမ္ဘာ့စံချိန်သို့ လျှောက်ထားရန် ဆုံးဖြတ်ခဲ့ပြီး အကြီးဆုံး ခရက်ဒစ်ကတ် စုဆောင်းမှု ပိုင်ရှင်ဆုအား ရာသက်ပန် ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.