Connect with us

North America

ဂျိုးဘိုင်ဒန်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့၏ အဓိက အဖွဲ့ဝင်များကို ထုတ်ပြန်ကြေညာ

အမေရိကန်နိုင်ငံသမ္မတသစ် အဖြစ်ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ သမ္မတသစ်အဖြစ်ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန် က ဒီဇင်ဘာ ၁၇ ရက်၌ ပထမအကြိမ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရင်ဆိုင်ဖြေရှင်းရေးအစိုးရ အဖွဲ့၏ အဓိက အဖွဲ့ဝင် လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ဂျိုးဘိုင်ဒန် က မက္ကဆီကိုပြည်နယ် လွှတ်တော်ကိုယ်စားလှယ် Deb Haaland အား ပြည်ထဲရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ရန် အမည်စာရင်းပေးသွင်းခဲ့ကြောင်း ၊ အသက် ၆၀ နှစ်အရွယ်ရှိပြီးဖြစ်သည့် Deb Haaland က လွှတ်တော်၏ အတည်ပြုခြင်းကို ခံခဲ့ရပါက အမေရိကန်နိုင်ငံ သမိုင်းတစ်လျှောက် ကက်ဘိနက်အဖွဲ့ဝင်အတွင်း ပထမဦးဆုံးသော အမေရိကန် ဇာတိတိုင်းရင်းသားလူမျိုးတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် သဘာဝအရင်းအမြစ် ၊ အမျိုးသားဥယျာဉ် ၊ ပတ်ဝန်းကျင်လုံခြုံရေး နှင့် အင်ဒီးယန်းလူမျိုးရေးရာကိစ္စရပ်များကို တာဝန်ယူရမည် ဖြစ်ကြောင်း သိရှိရသည်။

ဘိုင်ဒန်အနေဖြင့် မီချီဂန်ပြည်နယ်ပြည်နယ်မှူးဟောင်း Jennifer Mulhern Granholm အား စွမ်းအင်ရေးရာဝန်ကြီးအဖြစ် အမည်စာရင်းပေးသွင်းခဲ့ပြီး မြောက်ကယ်ရိုလိုင်းနားပြည်နယ် ပတ်ဝန်းကျင်အရည်အသွေးတာဝန်ရှိသူ Michael S. Regan အား ပတ်ဝန်းကျင်အရည်အသွေးထိန်းသိမ်းရေးဆိုင်ရာဌာန ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် အမည်စာရင်းပေးသွင်းခဲ့သည်။

ထို့ပြင် အမေရိကန်နိုင်ငံ သမ္မတတာဝန်ထမ်းဆောင်တော့မည့် ဂျိုးဘိုင်ဒန် က ပတ်ဝန်းကျင်အရည်အသွေးထိန်းသိမ်းရေးဆိုင်ရာဌာန ဌာနမှူး Gina McCarthy အား အိမ်ဖြူတော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ အလုပ်ရုံးအား ဦးဆောင်ဖွဲ့စည်းရန် တာဝန်ပေးအပ်ခဲ့ပြီး ဖက်ဒရယ်အစိုးရ ၏ ရာသီဥတုပြောင်းလဲမှုအပေါ် ရင်ဆိုင်ဖြေရှင်းရေးများစသည့် ဆောင်ရွက်မှု လုပ်ငန်းများလည်းပါဝင်ကြောင်း သိရှိရသည်။

ဂျိုးဘိုင်ဒန် အနေဖြင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ရင်ဆိုင်ဆောင်ရွက်မှုလုပ်ငန်းကို ၎င်း၏ နိုင်ငံရေး ဆောင်ရွက်မှု၏ အဓိကအချက်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း John Forbes Kerry အား အမေရိကန်နိုင်ငံသမ္မတ၏ ရာသီဥတုကိစ္စရပ်ဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ (Xinhua)

—————————————

(Chinese Version)
(国际)拜登宣布应对气候变化团队主要成员人选
2020-12-18 15:28:23 分类: 政治法律
  新华社华盛顿12月17日电(记者孙丁 徐剑梅)美国当选总统拜登17日发表声明,宣布新一届政府应对气候变化团队主要成员人选。
  拜登提名来自新墨西哥州的国会众议员德布拉•哈兰出任内政部长。哈兰现年60岁,如果这一提名获国会参议院批准,她将成为美国历史上首位原住民内阁成员。美国内政部负责管理自然资源、国家公园、环境安全以及印第安人事务等。
  拜登还提名密歇根州前州长珍妮弗•格兰霍姆出任能源部长,提名北卡罗来纳州环境质量部门负责人迈克尔•里根出任环境保护局局长。
  此外,拜登任命环境保护局前局长吉娜•麦卡锡出任国家气候顾问,领导新成立的白宫国内气候政策办公室,统筹联邦政府应对气候变化。
  拜登把应对气候变化列为其上台后执政重点之一。此前,他任命美国前国务卿约翰•克里出任总统气候问题特使。(完)

Photo
 这张8月20日在美国阿灵顿拍摄的显示美国前副总统乔•拜登在线出席美国民主党全国代表大会的屏幕画面。新华社记者 刘杰 摄