Connect with us

North America

ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက်အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၈ သန်းကျော် ရှိလာ

အမေရိကန်နိုင်ငံ နာမည်ကျော် Times Square တွင် လူတစ်ဦး နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် COVID-19 ရောဂါဆိုင်ရာ နောက်ဆုံး စာရင်းပြုစုချက်အရ နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၈ သန်းကျော် အထိ ရောက်ရှိလာကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၁ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ၁၈ နာရီ ၂၂ မိနစ် တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အမေရိကန်နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၈,၀၀၆,၀၆၁ ဦး အထိ ရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါ ကြောင့် သေဆုံးသူ စုစုပေါင်း ၃၁၉,၁၉၀ ဦး အထိ ရောက်ရှိလာခဲ့သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ နှင့် သေဆုံးမှု အများဆုံးဖြစ်ပွားသည့် နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအများဆုံးဖြစ်ပွားသည့် ပြည်နယ်မှာ ကယ်လီဖိုးနီးယား ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ ၁,၉၀၇,၈၄၃ ဦး ရှိကြောင်း ၊ ၎င်း၏ နောက်တွင် တက္ကဆက်ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ ၁,၆၀၂,၉၈၈ ဦးရှိကြောင်း ၊ ဖလော်ရီဒါပြည်နယ် တွင် ကူးစက်ခံရသူ ၁.၂၁ သန်းကျော်အထိ ရှိခဲ့ပြီး အီလီနွိုက်ပြည်နယ် နှင့် နယူးယောက်ပြည်နယ်တို့တွင် ကူးစက်ခံရသူ စုစုပေါင်း ၈၅၀,၀၀၀ကျော် အသီးသီး ရှိကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၃ ရက် မှ စတင်၍ နေ့စဉ် COVID-19 ရောဂါ ကူးစက်ခံရသူ ဦးရေသည် နေ့စဉ် တစ်သိန်းအထက်တွင် ရှိခဲ့ပြီး ဒီဇင်ဘာလ သို့ရောက်ရှိလာချိန်တွင် တစ်ရက်တည်း ရောဂါ ကူးစက်ခံရသူ နှင့် သေဆုံးသူ ဦးရေ သည် အဆက်အပြတ် စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၁၇ ရက် ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၇ သန်းကျော် ရှိခဲ့ပြီး ၁၇သန်းကျော် မှ ၁၈ သန်းကျော်သို့ ရောဂါ ကူးစက်ခံရသူ မြင့်တက်လာသည်မှာ အချိန်အားဖြင့် ၄ ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)
#American #COVID-19 #Infection #JohnsHopkins #အမေရိကန် #ကူးစက်မှု #ဆင်ဟွာ #Xinhua
—————————————
(Chinese Version)

(国际疫情)约翰斯•霍普金斯大学:美国累计新冠确诊病例超1800万例

  新华社纽约12月21日电美国约翰斯•霍普金斯大学21日发布的新冠疫情最新统计数据显示,美国累计确诊病例超过1800万例。
  截至美国东部时间21日18时22分(北京时间22日7时22分),美国累计确诊病例18006061例,累计死亡病例319190例。美国是全球累计确诊病例数和累计死亡病例数最多的国家。
  目前,美国累计确诊病例最多的州是加利福尼亚州,为1907483例;其次是得克萨斯州,为1602988例。佛罗里达州累计确诊病例超过121万例,伊利诺伊州和纽约州都超过85万例。
  11月3日以来,美国单日新增确诊病例数连续保持在10万例以上。进入12月,美国单日新增确诊病例数和单日新增死亡病例数加速攀升。
  美国累计确诊病例于12月17日超过1700万例,从1700万例增至1800万例用时仅4天。
  这些数据来自约翰斯•霍普金斯大学新冠病毒研究项目实时汇总的美国各地区数据。(完)

PHOTO
新华社照片,纽约,2020年12月17日
(新华视界)(2)纽约遭遇暴风雪
12月16日,在美国纽约时报广场,行人冒雪前行。
当天,美国纽约遭遇暴风雪天气。
新华社记者 王迎 摄