Connect with us

North America

တူရကီ နိုင်ငံ က အမေရိကန် နှင့် သံတမန်ရေးရာ အငြင်းပွားမှု အား ဖြေရှင်းရန် အတွက် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan မိန့်ခွန်းပြောကြား နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ က လတ်တလောရက်ပိုင်း အတွင်း နှစ်နိုင်ငံ အကြား ဖြစ်ပွားနေသည့် အငြင်းပွားမှု အဆက်မပြတ် မြင့်တက်လာခြင်း ကို ဖြေရှင်းရန် အတွက် သြဂုတ်လ ၇ ရက် ၌ တူရကီ နိုင်ငံ မှ အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့ သို့ စတင်ထွက်ခွာ သွားကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ တူရကီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ၊ တရားဥပဒေ ရေးရာ ဝန်ကြီးဌာန နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန စသည့် ဌာန များမှ အရာရှိ ၉ ဦး ဖြင့် ဖွဲ့စည်း ထားသည့် ကိုယ်စားလှယ် အဖွဲ့ က သြဂုတ်လ ၈ ရက် တွင် အမေရိကန် နိုင်ငံ သက်ဆိုင်ရာ နှင့် ဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

သြဂုတ်လ ၇ ရက်နေ့ တွင် တူရကီ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ က နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်ပြောကြား ခဲ့ကြပြီး နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး တို့ မှလည်း ဆီးရီးယား အရေး နှင့် အကြမ်းဖက် နှိမ်နင်းရေး ကိစ္စရပ် တို့နှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံရုံး က သြဂုတ်လ ၇ ရက် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တွင် လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေး မည်သို့ တင်းမာနေသည် ဖြစ်စေ အမေရိကန် နိုင်ငံ က တူရကီ နိုင်ငံ ၏ ခိုင်မြဲသည့် မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ အကြား စီးပွားရေး ဆက်ဆံမှု မှာလည်း လွန်စွာ ကောင်းမွန်ကြောင်း ပါဝင် ခဲ့သည်။

လတ်တလောရက်ပိုင်း အတွင်း တူရကီ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့က တူရကီ နိုင်ငံ တွင် ဖမ်းဆီး ထားသည့် အမေရိကန် နိုင်ငံသား ခရစ်ယာန် ဘုန်းတော်ကြီး ကို လွတ်မြောက်ပေးရေး နှင့် ပတ်သက်၍ တင်းမာမှု ဖြစ်ပွား ခဲ့ကြပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က သြဂုတ်လ ၁ ရက် ၌ တူရကီ နိုင်ငံ ဝန်ကြီး ၂ ဦး အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်းဆောင်ရွက်မှု သည် အမေရိကန် နိုင်ငံ ၏ နေတိုး မဟာမိတ် တပ်ဖွဲ့ဝင် နိုင်ငံ အပေါ် ပထမ ဦးဆုံး ဆောင်ရွက် ခဲ့သည့် ပိတ်ဆို့အရေးယူမှု တစ်ခု ဖြစ်ခဲ့ပြီး တူရကီ နိုင်ငံ အနေဖြင့်လည်း အမေရိကန် နိုင်ငံ ၏ အရေးယူမှု ထုတ်ပြန်ခဲ့ပြီးနောက် တွင် အမေရိကန် ဝန်ကြီး ၂ ဦး ၏ တူရကီ နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှုများအား ထိန်းချုပ်လိုက်ကြောင်း တုံ့ပြန် ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.