Connect with us

North America

ဆော်ဒီနှင့် ဆက်ဆံရေးအခြေအနေဆိုးဝါးသွားအောင် လုပ်ဆောင်ရန် ဆန္ဒမရှိ ဟု ကနေဒါဝန်ကြီးချုပ်က ဆို

ကနေဒါဝန်ကြီးချုပ် Justin Trudeau အားတွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

အော့တဝါ ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ကနေဒါနှင့်ဆော်ဒီအာရေဗျ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအခြေအနေနှင့်စပ်လျဉ်း၍ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က သြဂုတ် ၈ ရက်တွင် ပထမဆုံး သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၎င်းက ကနေဒါသည် လူအခွင့်အရေးဆိုင်ရာကိစ္စများတွင် အမြဲတမ်း တင်းတင်း မာမာ ပြောဆိုလေ့ရှိကြောင်း ၊ သို့သော် ဆော်ဒီနှင့်ဆက်ဆံရေးအခြေအနေ ဆိုးဝါးအောင် လုပ်ဆောင်ရန် ဆန္ဒမရှိဟု ဆိုသည်။

ဆက်လက်၍ ဝန်ကြီးချုပ် Justin Trudeauက ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland နှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir တို့သည် သြဂုတ် ၇ ရက်တွင် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၊ သံတမန်ရေးရာတွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ် ကြောင်း ပြောကြားခဲ့သည်။

Justin Trudeau သဘောထားမထုတ်ပြန်မီ နာရီအနည်းငယ်ခန့်က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Adel al-Jubeirသည် ရီယာ့ဒ် (Riyadh) တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ၎င်းက ကနေဒါအနေဖြင့် ယခင်က ပြောဆိုချက်များကို ပြန်လည်ရုပ်သိမ်းပေးရမည်ဖြစ်ပြီး မရုပ်သိမ်းပါက ဆော်ဒီအနေဖြင့် ပြန်လည် သင့်မြတ်ရန် လက်ခံသွားမည်မဟုတ်သလို အခြားနည်းလမ်းများထပ်သုံးသွားမည်ဖြစ် ကြောင်း ၊ ထို့အပြင် ၎င်းနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး၏ ဖုန်းနှင့်ဆွေးနွေးမှုကလည်း မပျော်မရွှင် ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ကနေဒါ ရုပ်မြင်သံကြားဌာန၏ ထုတ်လွှင့်ချက်များအရ သိရသည်။

ဆော်ဒီက လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီးထားရာ ထိုသူများအား အထူးစိုးရိမ်ပူပန်ကြောင်း နှင့် ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၃ ရက် တွင် တွစ်တာ၌ ရေးသားခဲ့သည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ကနေဒါသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟု အပြစ်တင်ပြောဆိုထားကြောင်း၊ ကနေဒါ သံအမတ်ကို ၂၄ နာရီအတွင်း ထွက်ခွာရန်တောင်းဆိုကြောင်းနှင့် ဆော်ဒီ သံအမတ်ကို လည်း ပြန်လည်ခေါ်ယူ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ကနေဒါနိုင်ငံ၏ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ်များ အားလုံးကို ပိတ်ဆို့ သွားမည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထား သည်။

ကြေညာချက်ထုတ်ပြန်သည့် ယင်းနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ ပညာရေးဝန်ကြီးဌာန က ပညာတော်သင်ကျောင်းသားများကို ရွှေ့ပြောင်းမည်ဟုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ဆေးကုသမှုခံယူသူများကိုလည်း ရွှေ့ပြောင်းမည်ဟုလည်းကောင်း၊ လေကြောင်းကုမ္ပဏီများက ကနေဒါသို့ ပျံသန်းသည့် ခရီးစဉ်များကို ဖျက်သိမ်းမည်ဟုလည်းကောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.