Connect with us

North America

ကော်လိုရာဒို တွင် ဘေ့စ်ဘော့အရွယ် မိုးသီးကြီးများကြောင့် တိရစ္ဆာန်ရုံမှ တိရစ္ဆာန်များသေဆုံး

ကော်လိုရာဒိုပြည်နယ်တွင် ကျရောက်ခဲ့သည့် ဘေ့စ်ဘော့အရွယ် မိုးသီးတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့အန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ရှိ နေရာတစ်ချို့တွင် မိုးသီးကြီးများ ကျရောက်မှုကြောင့် လူ ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိရစ္ဆာန်ရုံမှ တိရစ္ဆာန် ၂ကောင်သေဆုံးခဲ့ကြောင်း အမေရိကန်သတင်းဌာနက သြဂုတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။

ပြည်နယ်အတွင်းရှိ အချို့ဧရိယာများတွင် ဘေ့စ်ဘော့အရွယ် မိုးသီးကြီးများ ကျရောက်မှုကြောင့် ကော်လိုရာဒိုစပရင်းမြို့ရှိ Cheyenne Mountain တိရစ္ဆာန်ရုံ၌ ကယ်ဆယ်ရေးများလုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

တိရစ္ဆာန်ရုံအား သြဂုတ် ၇ရက်တွင် ပိတ်ထားခဲ့ပြီး ပြခန်းတစ်ခုမှ ငှက်၂ကောင်သေဆုံးခဲ့ကြောင်း၊ တစ်ကောင်မှာ Daisy အမည်ရှိ အသက် ၄နှစ်အရွယ် ဘဲတစ်ကောင်ဖြစ်ကြောင်း၊ ကျန်တစ်ကောင်မှာ Motswari အမည်ရှိ အသက် ၁၃နှစ်အရွယ် လဒတစ်ကောင်ဖြစ်ကြောင်း တိရစ္ဆာန်ရုံက ဖေ့ဘွတ်စ်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။

တိရစ္ဆာန်ရုံအတွင်း၌ ဒဏ်ရာရရှိခဲ့သည့် လူ ၅ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အခြားလူ ၉ဦးကို နေရာ၌ပင် ဆေးကုသပေးခဲ့ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ကော်လိုရာဒိုစပရင်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.