Connect with us

North America

လူဝီစီးယားနား တောင်ပိုင်း၌ တိုနာဒိုးမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး ၂၆ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ်၌ တိုနာဒိုး မုန်တိုင်းဒဏ် ခံစားနေရစဉ် (ဆင်ဟွာ)

ဟူစတန် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် တောင်ပိုင်းဒေသ၌ ဖေဖော်ဝါရီလ ၇ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့သော တိုနာဒိုး မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်ပေါင်း ၂၅ဝ လုံးပျက်စီးခဲ့ပြီး အနည်းဆုံးလူပေါင်း ၂၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ တိုနာဒိုး မုန်တိုင်းသည် နယူးအော့လန်းစ် အရှေ့ပိုင်းဒေသ၌ တစ်နာရီလျင် လေတိုက်နှုန်း ၁၁၁ မိုင် ( ၁၇၇.၆ ကီလိုမီတာကျော်) မှ ၁၃၅ မိုင် ( ၂၁၆ ကီလိုမီတာကျော်) အထိ ပြင်းထန်စွာ တိုက်ခတ်လျက်ရှိကြောင်း နှင့် ၎င်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၂၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမျိုးသားရာသီဥတုတိုင်းတာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အင်အားပြင်းထန်သော တိုနာဒိုးမုန်တိုင်းသည် မိသားစုဝင်ပေါင်း ၁ သောင်းကျော်ကို အကျိုးသက်ရောက်မှုရှိခဲ့ပြီး လူနေအိမ်ပေါင်း ၂၅ဝ နှင့် မော်တော်ယာဉ်များစွာကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း အမျိုးသားရာသီဥတုတိုင်းတာရေးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

အနည်းဆုံး တိုနာဒိုး မုန်တိုင်း ၆ လုံးသည် အက်စ်န့်စင် (Ascension ) ၊ လစ်ဖင်းစတုန်း( Livingston ) ၊ နယူးအော့လန်းစ် ၊ စိန့်ဂျိန်းစ် ၊ စိန့်တမ်မနီ ( St.Tammany ) ၊ တန်ဂီဖာယို ပါရစ် (Tangipahoa Parish) စသည့် ဒေသများအား ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် လူဝီစီးယားနားပြည်နယ် အုပ်ချုပ်ရေးမှူး John B.Edwards က ၎င်းဒေသများကို အရေးပေါ်အခြေအနေကြေညာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.