Connect with us

North America

ဝါရှင်တန် တိရစ္ဆာန်ရုံမှ ပန်ဒါပေါင်ပေါင် တရုတ်နိုင်ငံသို့ ရောက်ရှိလာတော့မည်

ဝါရှင်တန် တိရစ္ဆာန်ရုံမှ ပန်ဒါပေါင်ပေါင် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ပန်ဒါကြီးမျိုးဖြစ်သော ပေါင်ပေါင် သည် ဖေဖော်ဝါရီ ၂၁ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာလာတော့မည် ဖြစ်ကြောင်း ဝါရှင်တန်ဒီစီမြို့ရှိ Smithsonian အမျိုးသား တိရစ္ဆာန်ရုံက ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပေါင်ပေါင်အား ၂၀၁၃ခုနှစ် သြဂုတ် ၂၃ရက်တွင် ဝါရှင်တန်တိရစ္ဆာန်ရုံ၌မွေးဖွားခဲ့ပြီး ၎င်း၏ လေးနှစ်ပြည့်မွေးနေ့ ရောက်ရှိရန် နီးကပ်လာပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့ကြား သဘောတူချက်များအရ အမေရိကန်နိုင်ငံသို့ ပေးလှူထားသော ပန်ဒါများမှ မွေးဖွားလာသည့် ပန်ဒါကြီးမျိုးများအား အသက်လေးနှစ်ခန့်တွင် တရုတ်နိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်ကြောင်း သိရသည်။ ၂၀၀၅ခုနှစ်တွင် ဝါရှင်တန်တိရစ္ဆာန်ရုံ၌ မွေးဖွားခဲ့သော ပန်ဒါကြီးမျိုးတစ်ကောင်ဖြစ်သည့် တိုင်စန်းကိုလည်း ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံသို့ သင်္ဘောဖြင့် ပြန်ပို့ခဲ့ကြောင်း သိရသည်။

ပန်ဒါကြီးမျိုးများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် လေ့လာရေးစင်တာ တည်ရှိသည့် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ပန်ဒါလေး ပေါင်ပေါင် နှင့် အတူ ပန်ဒါစောင့်ရှောက်သူတစ်ဦး နှင့် တိရစ္ဆာန်ဆရာဝန်တစ်ဦး လိုက်ပါလာမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ၌ ဝါရှင်တန်တိရစ္ဆာန်ရုံ တွင် ပန်ဒါကြီးမျိုး သုံးကောင်ရှိနေပြီး ၎င်းတို့မှာ အသက် ၁၈နှစ်အရွယ် ပန်ဒါအမ မိန်းရှောင်၊ အသက် ၁၉ နှစ်အရွယ် ပန်ဒါအထီး ထျန်းထျန်း နှင့် ၁နှစ်အရွယ် ပန်ဒါအထီးလေး ဘေဘေး တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.