Connect with us

North America

ထရမ့်အစိုးရလက်ထပ်တွင် ဟီလာရီ၏ အီးမေလ်းကိစ္စကို စုံစမ်းဖော်ထုတ်မှုပြုလုပ်မည်မဟုတ်ဟုဆို

အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲတစ်ခုတွင် ထရမ့် နှင့် ဟီလာရီတို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတအဖြစ် ဒေါ်နယ်ထရမ့် အုပ်ချုပ်မည့် အစိုးရသက်တမ်းအတွင်း ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဟီလာရီ၏ ကိုယ်ပိုင်အီးမေလ်းဆာဗာအသုံးပြုခဲ့သည့် ကိစ္စရပ်အပေါ် ဖော်ထုတ်စစ်ဆေးမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ထရမ့်၏ ထိပ်တန်းလက်ထောက်တစ်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

အစိုးရသစ်အနေဖြင့် သမ္မတအိုဘားမားလက်ထက်တွင် ဟီလာရီက အတွင်းရေးမှူးရာထူး ယူထားသော ကလင်တန်ဖောင်ဒေးရှင်း၏ နိုင်ငံခြား အလှူငွေကိစ္စများကို မည်သည့် စုံစမ်းစစ်ဆေးမှု စာမျက်နှာသစ် ကိုမျှ ဖွင့်သွားမည်မဟုတ်ကြောင်း ထရမ့်၏ ထိပ်တန်းလက်ထောက်က ဆိုသည်။

ရီပတ်ဘလီကမ် သမ္မတလောင်းအဖြစ် မဲဆွယ်စည်းရုံစဉ်က ဒေါ်နယ်ထရမ့်သည် ၎င်းရွေးကောက်ပွဲအနိုင်ရပါက ဟီလာရီ၏ ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ကတိပြုစကားဆိုခဲ့သည်။

“ ကျွန်တော်ရွေးကောက်ပွဲနိုင်ခဲ့မယ်ဆိုရင် ( ဟီလာရီကလင်တန်) ရဲ့ အနေအထားကို သိပြီး တရားစွဲဆိုနိုင်ဖို့အတွက် ရှေ့နေချုပ်ကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ညွှန်ကြားသွားမှာပါ ” ဟု အောက်တိုဘာလ အစောပိုင်းက ပြုလုပ်ခဲ့သည့် သမ္မတလောင်းစကားစစ်ထိုးပွဲတွင် ထရမ့်က ပြောကြားခဲ့သည်။

“ ကြည့်လိုက်ပါ။ သူအမေရိကန်သမ္မတဖြစ်လာဖို့အတွက် ကွဲပြားခြားနားတဲ့ ကိစ္စရပ်အများကြီးကို ပြင်ဆင်လုပ်ကိုင်ဖို့သူစဉ်စားနေတယ်လို့ကျွန်တော်ထင်ပါတယ်” ဟု ထရမ့်၏ မဲဆွယ်စည်းရုးံရေးမန်နေဂျာ Kellyanne Conway ဟု MSNBC’s နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။

ရွေးကောက်ပွဲနောက်ပိုင်း CBS နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ဟီလာရီအားတရားစွဲဆိုမည့်ကိစ္စသည် ပထမဦးစားပေးမဟုတ်ကြောင်း ထရမ့်က ဖြေကြားခဲ့သည်။

“ သူတို့ကို ထိခိုက်နာကျင်အောင် မလုပ်ချင်ပါဘူး” ဟု ထရမ့်က ပြောကြားခဲ့ပြီး ကလင်တန်မိသားစုကို လူကောင်းတွေပါဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။Xinhua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.