Connect with us

North America

အမေရိကန် ပြည်ထောင်စု၊တက္ကဆက်ပြည်နယ် တွင် ဓါတုစက်ရုံပေါက်ကွဲမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု၊တက္ကဆက်ပြည်နယ်၊ပို့သ်နီချီးစ်မြို့ ရှိ ဓါတုစက်ရုံပေါက်ကွဲ မီးလောင်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ဟော့စတန်၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၊တက္ကဆက်ပြည်နယ်၊ ဟော့စတန်မြို့၏အရှေ့ဘက် ၁၅၀ ကီလိုမီတာအကွာ တွင်ရှိသောပို့သ်နီချီးစ်မြို့(Port Neches)၌ နိုဝင်ဘာလ၂၇ ရက်က TPC Group မှလည်ပတ်နေသော     ဓါတုစက်ရုံတစ်ရုံအဆက်မပြတ်ပေါက်ကွဲမှုများဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ အရေးပေါ်အခြေအနေအား ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဓါတုစက်ရုံပေါက်ကွဲမှုကနိုဝင်ဘာလ၂၇ ရက်နံနက်အစောပိုင်းနာရီများတွင်စတင်ဖြစ်ပွားခဲ့ပြီးပထမဆုံး ပေါက်ကွဲမှုကြောင့် လူသုံးဦးဒဏ်ရာရကာ အနီးပတ်ဝန်းကျင်တွင်နေထိုင်ကြသူများကို ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရသည်။

TPC Group က ပထမဆုံးပေါက်ကွဲမှုစတင်ဖြစ်ပွားစဉ် ဓါတုစက်ရုံ၌လူ ၃၀ ခန့်ရှိနေကြောင်းနှင့်ဒဏ်ရာ ရရှိသူသုံးဦးကိုဆေးရုံတွင်ကုသမှုများပြုပြီးနောက်အိမ်သို့ပြန်လွှတ်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ဒု တိယ အကြိမ်ကြီးမားသောပေါက်ကွဲမှုကမွန်းလွဲပိုင်းတွင် ထပ်မံဖြစ်ပွားခဲ့ပြီးနောက်တွင် ဒုတိယမြောက် ကယ်ဆယ်ရေးအမိန့်ကိုထုတ်ပြန်ခဲ့သည်။နိုဝင်ဘာလ၂၇ ရက် မွန်းလွဲပိုင်းတွင်အဆိုပါပေါက်ကွဲမှုထပ်မံ ဖြစ်ပွားခဲ့ပြီးနောက် စက်ရုံှပေါက်ကွဲမီးလောင်မှုကြောင့်ထွက်လာသောမီးခိုးငွေ့များကို ၈၀ ကီလိုမီတာ အကွာမှပင်တွေ့မြင်ကြရသည်။

TPC Group အနေဖြင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေးတာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါ်င်းဆောင် ရွက်လျက်ဆိုးရွားသော နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို တားဆီးထိန်းချုပ်နိုင်ရန် ကြိုးစား နေကြောင်းဖြင့် နိုဝင်ဘာလ ၂၈ ရက်နံနက်ကထုတ်ပြန်ခဲ့သည်။လေထုထိန်းချုပ်ရေးစခန်း အနည်းဆုံး ၂၀ ကိုလည်းတည်ထောင်ထားသော်လည်းလေထုညစ်ညမ်းမှု ကအရေးယူဆောင်ရွက်ရလောက်သည် အထိ မဆိုးဝါးသေးကြောင်းသိရသည်။

ပေါက်ကွဲမှုများကြောင့် စက်ရုံတာဝါတစ်ခုပြိုကျခဲ့သော်လည်းစက်ရုံပြင်ပတွင် အကြီးစားထိခိုက်မှုများ ဖြစ်ခဲ့ခြင်းမရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.