Connect with us

North America

အမေရိကန်လွှတ်တော်ထောက်လှမ်းရေးကော်မတီက သမ္မတထရမ့်အားစွပ်စွဲပြစ်တင်ရန် စုံစမ်းစစ်ဆေးမှုပြုလုပ်မည့် အစီရင်ခံစာကို မဲခွဲဆုံးဖြတ်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

ဒီမိုကရက်တစ်ပါတီက ဦးဆောင်သော အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုများအား အစီရင်ခံစာအပေါ် လက်ခံရန် မဲခွဲဆုံးဖြတ်မှုကို ပါတီ၏ လုပ်ငန်းစဉ်များနှင့်အညီ ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဲခွဲမှုတွင် ထောက်ခံမဲ ၁၃မဲ ကန့်ကွက်၉မဲဖြင့်အတည်ပြုခဲ့ကာ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဉက္ကဋ္ဌ Adam Schiff က လွှတ်တော်တရားစီရင်ရေးကော်မတီသို့ အစီရင်ခံစာအားလွှဲပြောင်းပေးရန် ခွင့်ပြုခဲ့ပြီး ယင်းသည် စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုအတွက်ဖြစ်ကြောင်း နှင့် သမ္မတထရမ့်အား စွပ်စွဲပြစ်တင်ရန် မည်သည့်ဉပေဒကြမ်းမျိုးဖြစ်စေ ရေးဆွဲရန်အတွက်ဖြစ်ကြောင်း သိရသည်။

ထရမ့်အနေဖြင့် မလျော်ကန်စွာပြုလုပ်ခဲ့ပြီး လွှတ်တော်၏ လွှမ်းမိုးမှုကို  ဖျက်ဆီးရန် လုပ်ဆောင်ချက်၏ သက်သေဖြစ်သော အဆိုပါ အစီရင်ခံစာကို အောက်လွှတ်တော်ဒီမိုကရက်တစ်အမတ်များက ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာတွင် မဲခွဲမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်၏ မဟာမိတ်တစ်ဦးဖြစ်သော ရီပတ်ဘလီကန်ပါတီ ကွန်ဂရက်အမတ် Mark Meadows က သမ္မတထရမ့်အား စွပ်စွဲပြစ်တင်ရန် အားထုတ်မှုများက “ အခြေအမြစ်မရှိဘဲ ဘက်လိုက်ဆောင်ရွက်မှုသာဖြစ်ကြောင်း” မဲခွဲမှုအား တုံ့ပြန်၍ တွစ်တာလူမှုကွန်ရန် လျင်မြန်စွာ ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ်အမတ် Jerry Nadler ခေါင်းဆောင်သော အောက်လွှတ်တော်တရားစီရင်ရေးကော်မတီက ထရမ့်အားစွပ်စွဲပြစ်တင်မှု စုံစမ်းစစ်ဆေးချက်တစ်စိတ်တစ်ပိုင်းအဖြစ် ဉပဒေပညာရှင် ၄ ဦးပါဝင်သော တရားစီရင်ရေးအဖွဲ့၏ ပထမဆုံးကြားနာမှုကို ဒီဇင်ဘာလ ၄ ရက်တွင် စတင်ဆောင်ရွက်သွားရန် စီစဉ်ရေးဆွဲခဲ့သည်။

Nadler က၎င်းတို့အနေဖြင့် “ လွှတ်တော်အနေဖြင့် လက်ရှိစုဆောင်းရရှိထားသော စုံစမ်းစစ်ဆေးမှု သက်သေများကို အသေးစိတ်အတည်ပြုမှုအား ဖွဲ့စည်းပုံအခြေခံဉပဒေမူဘောင်အတွင်းမှ ဆွေးနွေးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း” နှင့် “ စွပ်စွဲထားသော ထရမ့်၏လုပ်ဆောင်ချက်များက စုံစမ်းစစ်ဆေးမှုဉပဒေများကို လက်ခံပြဌာန်းရန် အောက်လွှတ်တော်အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးရေးအတွက် မဖြစ်မနေ လုပ်ဆောင်ခွင့်ပေးသွားသကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း ” ဆိုသည်။

သို့သော် လန်ဒန်မြို့သို့ နေတိုးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ရောက်ရှိနေသော ထရမ့် (သို့မဟုတ်) ၎င်း၏ ဉပဒေအကျိုးဆောင် Pat Cipollone တို့က တရားစီရင်ရေးအဖွဲ့၏ ပထမဆုံးကြားနာမှုကို တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။ 

Cipollone ကလည်း အိမ်ဖြူတော်အနေဖြင့် ဒီဇင်ဘာ ၄ ရက်တွင်ပြုလုပ်မည့် ကြားနာပွဲအား ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်းနှင့် လွှတ်တော်တရားစီရင်ရေးကော်မတီအနေဖြင့် ထရမ့်အပေါ်“ တရားမျှတသောလုပ်ငန်းစဉ်တစ်ခုအရ” ဆောင်ရွက်မှု မပြုမည်ကို စိုးရိမ်မိကြောင်း ပြောခဲ့သည်။

ထရမ့်အနေဖြင့် ၎င်းအတွက်နိုင်ငံရေးအကျိုးအမြတ်ရရှိစေမည့် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ပေးရန် ယူကရိန်းအစိုးရအား ဖိအားပေးခဲ့ကြောင်း စွပ်စွဲမှုစုံစမ်းချက်တစ်ခုတွင် ဒီမိုကရက်အမတ်များက လုပ်ဆောင်ဖော်ပြထားကြသည်။ လွှတ်တော်အမတ်များက ထရမ့်အနေဖြင့် ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ယူကရိန်းအစိုးရအား ဖိအားခဲ့ခြင်း(သို့မဟုတ်) အိမ်ဖြူတော်၌ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ခြင်း ရှိမရှိလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.