Connect with us

North America

အော့ကလာဟိုးမား၌ အရေးပေါ်အခြေအနေကြေညာ

အမေရိကန်နိုင်ငံ အော့ကလာဟိုးမားပြည်နယ်တွင် သဘာဝဘေးဒဏ်ခံစားနေရသည့် မြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ အောက်တိုဘာ ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အော့ကလာဟိုးမား(Oklahoma) ပြည်နယ်အတွင်းရှိ ခရိုင်ပေါင်း ၇၇ ခု၌ အောက်တိုဘာ ၅ ရက်မှ စတင်ကာ ရေကြီးမှုများ၊ မုန်တိုင်းများ ၊အားကောင်းသော လေဆင်နှာမောင်းများ နှင့် လေပြင်းတိုက်ခတ်မှုများ အဆက်မပြတ်ဖြစ်ပေါ်လျက်ရှိရာ ပြည်နယ်အုပ်ချုပ်ရေးမှူး Mary Fallin က အောက်တိုဘာ ၉ ရက်တွင် ပြည်နယ်အား အရေးပေါ်အခြေအနေကြေညာခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တစ်စောင်တွင် မုန်တိုင်းကြောင့် ပြည်နယ်အနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း ၊ လျှပ်စစ်ဓာတ်အားလိုင်းများ နှင့် ဓာတ်တိုင်များ ပျက်စီးခြင်းအပါအဝင် အပင်များလဲကျခြင်း ၊ အမိုးလန်ခြင်း နှင့် အဆောက်အအုံများ ပြိုကျခြင်းများဖြစ်ပေါ်ခဲ့ရကြောင်း ဖော်ပြထားသည်။

လေဆင်နှာမောင်းများလည်း ကြိမ်ဖန်များစွာ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ ရာသီဥတုဆိုးရွားခြင်း နှင့် ရေကြီးခြင်းများသည် ယခုရက်သတ္တပတ်အကုန်ထိ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်ထုတ်ပြန်ချက်ဖြင့် ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးကို သက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို လုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း သိရသည်။

ယင်းမှာ ပြည်ထောင်စုအစိုးရထံမှ ထောက်ပံ့ကူညီမှုကို ရယူရန် ပထမဆုံး ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပြီး ၊ အဆိုပါ အမိန့်ထုတ်ပြန်ချက်ထဲတွင် အရေးပေါ်ကာလကို ရက်ပေါင်း ၃ဝ သတ်မှတ်ထားကြောင်း ဖော်ပြပါရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.