Connect with us

North America

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟဲလီ၏ နုတ်ထွက်စာကို ထရမ့်လက်ခံ

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟဲလီ (အင်္ကျီအပြာဝတ်) အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်က ကုလသမဂ္ဂဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီး နစ်ကီဟဲလီ(Nikki Haley) ၏ နုတ်ထွက်စာကို အောက်တိုဘာ ၉ ရက်တွင် လက်ခံခဲ့ကြောင်း သိရသည်။

သမ္မတအိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ သတင်းသမားများအားပြောကြားရာတွင် သမ္မတထရမ့်က ဟဲလီအနေဖြင့် ယခုနှစ်ကုန်တွင် တာဝန်မှ အနားယူမည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ရာထူးမှ နုတ်ထွက်ရန် ရည်ရွယ်ထားကြောင်းကို လွန်ခဲ့သော ၆ လက ဟဲလီမှ ၎င်းအား အသိပေးပြောကြားခဲ့ကြောင်း ထရမ့်က ဆိုသည်။

ထရမ့်၏ ယုံကြည်စိတ်ချရဆုံး အကြံပေးများအနက် တစ်ဦးဖြစ်သူ ဟဲလီသည် ပြီးခဲ့သော ရက်သတ္တပတ်က အိမ်ဖြူတော်သို့သွားရောက်ပြီး ထရမ့်နှင့်တွေ့ဆုံစဉ် ၎င်းနုတ်ထွက်မည့်အကြောင်းကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဟဲလီသည် တောင်ကယ်ရိုလိုင်းနားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထရမ့်၏ သမ္မတရာထူး လက်ခံခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အတည်ပြုခြင်း ခံရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.