Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း မစ်ချယ် ဝင်ရောက်မည်

ဖလော်ရီဒါပြည်နယ်တွင် မစ်ချယ် ဟာရီကိန်းမုန်တိုင်း ဝင်ရောက်ကာနီး ကမ်းခြေတွင် ရေကစားနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ကာရေဘီယံပင်လယ်တွင် အောက်တိုဘာလ ၈ ရက်နံနက်ပိုင်းက ဟာရီကိန်းမုန်တိုင်း မစ်ချယ်အဖြစ် စတင်ဖွဲ့စည်းဖြစ်ပေါ်ခဲ့ပြီး ယင်းမုန်တိုင်းသည် အောက်တိုဘာလ ၁၀ ရက်၌ ဟာရီကိန်းအကြီးစားအဖြစ် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်သို့ ဝင်ရောက်နိုင်ကာ လေပြင်းကျခြင်းနှင့် မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မို်င်နှုန်းအထိ တိုက်ခတ်နိုင်ကြောင်း အမျိုးသား ဟာရီကိန်းစင်တာက ပြောကြားခဲ့သည်။

အပူပိုင်းမုန်တိုင်း မစ်ချယ်သည် အမေရိကန်ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားနေသဖြင့် အောက်တိုဘာလ ၇ ရက်က Florida Panhandle ပြည်နယ်တွင် ခရိုင် ၂၆ ခုနှင့် BigBend ဧရိယာများတွင် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Rick Scott က အရေးပေါ်အဆင့် ကြေညာထားသည်။

ဖလော်ရီဒါပြည်နယ်သည် ဟာရီကိန်းမုန်တိုင်း၏ အဓိက ဦးတည်ရာဖြစ်နိုင်သည်ဟု ခန့်မှန်းထားပြီး အမေရိကန်နိုင်ငံ Alabama ပြည်နယ်နှင့် မစ္စစ္စပီပြည်နယ်ရှိ နေရာများ၌လည်း မုန်တိုင်းဒဏ်ခံစားရမည် ဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

အပူပိုင်းမုန်တိုင်း မစ်ချယ်က ကျူးဘားနိုင်ငံ အနောက်ပိုင်း၊ ဘိလဇ်နိုင်ငံနှင့် ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းသို့ ယခုသီတင်းပတ်အတွင်း ဆက်လက်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.