Connect with us

North America

အချက်အလက်များ တလွဲသုံးဟန်တူသော App ၂၀၀ ကျော်ကို Facebook ဆိုင်းငံ့

Facebook အသုံးပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ မေ ၁၅ ရက် (ဆင်ဟွာ)

Facebook ၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) က Cambridge Analytica အရှုပ်တော်ပုံတွင် App များအား အပြည့်အဝ စုံစမ်းစစ်ဆေးမှုနှင့် စာရင်းစစ် ပြုလုပ်မည်ဟု မတ်လက ကတိပြုပြီးနောက် အချက်အလက်များ တလွဲသုံးသည်ဟု ယူဆရသော App ၂၀၀ ဝန်းကျင်ကို ဆိုင်းငံ့လိုက်ကြောင်း မေလ ၁၄ ရက်က Facebook က ပြောကြားခဲ့သည်။

Facebook ၏ Product Partnerships ဒုတိယဥက္ကဋ္ဌ Ime Archibong က App များကို အချက်အလက် တလွဲသုံးထားသလားဆိုသည်ကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်ကိုမူ ပြောပြထားခြင်းမရှိကြောင်း Blog တစ်ခု၌ ပြောကြားခဲ့သည်။

“Facebook အနေနဲ့ အချက်အလက်အများကြီး ဝင်ရောက်ထားတဲ့ App တွေအကုန်လုံးကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက Blog တွင် ရေးသားခဲ့သည်။

အဆိုပါ ပလက်ဖောင်းပေါ်ရှိ မည်သည့် App ကိုမဆို စာရင်းစစ်က ငြင်းဆိုခြင်း သို့မဟုတ် ကျရှုံးခဲ့ပါက Facebook မှ တားမြစ်သွားမည် ဖြစ်သည်။ အချက်အလက် တလွဲသုံးကြောင်း တွေ့ရှိသည့် စုံစမ်းစစ်ဆေးပြီးသော App များ သို့မဟုတ် အခြား App များအား တားမြစ်သွားမည်ဖြစ်သလို Facebook ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင် App ပိုင်ရှင်များထံ အသိပေးသွားမည် ဖြစ်ကြောင်း Archibong က ပြောကြားခဲ့သည်။

ဗြိတိန် အချက်အလက် လေ့လာဆန်းစစ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Cambridge Analytica က အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး Facebook အသုံးပြုသူ ၈၇ သန်း၏ အချက်အလက်များအား တရားမဝင် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ထိုသို့ စွပ်စွဲချက်အား ဗြိတိန် ကုမ္ပဏီက ငြင်းဆိုထားပြီး ၎င်းတို့၏ လုပ်ငန်းများအားလုံးကို ပိတ်သိမ်းလိုက်ကြောင်း မတ်လက ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.