Connect with us

North America

ကယ်လီဖိုးနီးယား ပြည်နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ၁ဦးသေ၊ ၃ဦး ဒဏ်ရာရရှိ

ကယ်လီဖိုးနီးယား ပြည်နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ရှိ ရုံးအဆောက်အအုံတစ်ခုတွင် မေ ၁၅ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် Orange စီရင်စု Aliso Viejo မြို့ 11 Mareblu လမ်းပေါ်ရှိ ဆေးဝါးအဆောက်အအုံတစ်ခု၏ ပထမထပ် ၌ ဒေသစံတော်ချိန် နေ့လည် ၁း၁၀နာရီတွင် ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာကြောင်း သိရသည်။

Orange စီရင်စုရဲဌာန မှ ပြည်သူ့ဆက်ဆံရေးအရာရှိ Carrie Braun က ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို မဆုံးဖြတ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

၎င်းက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မူကြိုကျောင်းတစ်ခုအပါအဝင် အနီးအနားရှိ အဆောက်အအုံအားလုံးမှ လူများကို တာဝန်ရှိသူများက နေရာရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အတည်ပြုနိုင်ခြင်းမရှိသည့် ကနဦးသတင်းရရှိချက်များအရ ယင်းပေါက်ကွဲမှုသည် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်နိုင်ကြောင်းသိရှိရသော်လည်း City News Service က စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်ခုတွင် အလားတူ ဓါတ်ငွေ့ပေါက်ကွဲမှု ဖြစ်စဉ်မျိုး ရှားပါးကြောင်း Orange စီရင်စု မီးသတ်ဌာန မှ ဦးစီးမှူး Tony Bommarito ၏ ပြောကြားချက်ကို ကိုးကား၍ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.