North America
အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄.၅ သန်းကျော် အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ထုတ်ပြန်
နယူးယောက် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄.၅ သန်းကျော် အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် က ဇူလိုင် ၃၁ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။
ထုတ်ပြန်ကြေညာချက် တွင် အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ဇူလိုင် ၃၁ ရက် ၁၄ နာရီ ၅၈ မိနစ် အချိန်ထိ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄,၅၃၆,၂၄၀ ဦး အထိ ရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၂,၈၇၈ ဦး အထိ ရောက်ရှိလာကြောင်း သိရှိရသည်။
စာရင်းများ အရ အမေရိကန် နိုင်ငံ တွင် ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွား ခဲ့သည့် ပြည်နယ် က ကယ်လီဖိုးနီးယား ပြည်နယ် ဖြစ်ပြီး စုစုပေါင်း ၄၉၃,၃၉၆ ဦး အထိ ရှိကြောင်း ၊ ဖလော်ရီဒါ ပြည်နယ် ၊ တက္ကဆက်ပြည်နယ် နှင့် နယူးယောက် ပြည်နယ် တို့တွင် ကူးစက်ခံရသူ ၄ သိန်း အထက်စီ ရှိကြောင်း ၊ ရောဂါကူးစက်ခံရသူ တစ်သိန်းခုနှစ်သောင်း အထက် ရှိသော ပြည်နယ် များမှာ ဂျော်ဂျီယာ ပြည်နယ် ၊ နယူးဂျာစီ ပြည်နယ် ၊ အီလီနွိုက်စ် ပြည်နယ် နှင့် အရီဇိုးနား ပြည်နယ် တို့ ဖြစ်ကြကြောင်း သိရှိရသည်။ (Xinhua)