Connect with us

North America

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄.၅ သန်းကျော် အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ထုတ်ပြန်

အမေရိကန် ၌ COVID-19 ရောဂါ ဖြစ်ပွားစဉ် အတွင်း နှာခေါင်းစည်း တပ်၍ သွားလာလှုပ်ရှားနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄.၅ သန်းကျော် အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် က ဇူလိုင် ၃၁ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက် တွင် အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ဇူလိုင် ၃၁ ရက် ၁၄ နာရီ ၅၈ မိနစ် အချိန်ထိ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄,၅၃၆,၂၄၀ ဦး အထိ ရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၂,၈၇၈ ဦး အထိ ရောက်ရှိလာကြောင်း သိရှိရသည်။

စာရင်းများ အရ အမေရိကန် နိုင်ငံ တွင် ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွား ခဲ့သည့် ပြည်နယ် က ကယ်လီဖိုးနီးယား ပြည်နယ် ဖြစ်ပြီး စုစုပေါင်း ၄၉၃,၃၉၆ ဦး အထိ ရှိကြောင်း ၊ ဖလော်ရီဒါ ပြည်နယ် ၊ တက္ကဆက်ပြည်နယ် နှင့် နယူးယောက် ပြည်နယ် တို့တွင် ကူးစက်ခံရသူ ၄ သိန်း အထက်စီ ရှိကြောင်း ၊ ရောဂါကူးစက်ခံရသူ တစ်သိန်းခုနှစ်သောင်း အထက် ရှိသော ပြည်နယ် များမှာ ဂျော်ဂျီယာ ပြည်နယ် ၊ နယူးဂျာစီ ပြည်နယ် ၊ အီလီနွိုက်စ် ပြည်နယ် နှင့် အရီဇိုးနား ပြည်နယ် တို့ ဖြစ်ကြကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.